22 w - Translate

ဒါတော့ အရမ်းများသွားပြီ Samsung

2021 ကထွက်တဲ့ဖုန်းတွေအထိ Galaxy AI ရမယ်ဆိုတာက ဖုန်းလောကမှာ ကြုံတောင့်ကြုံခဲ Software Update ပဲဗျာ

တနေ့က ပိုစ့်တင်တော့ Galaxy S21 တွေရော မပါဘူးလားမေးနေကြတော့ သတင်းထပ်ရှာတွေ့လို့ သတင်းကောင်းပြောရရင်

Korea မှာတော့ S21 Series နဲ့ Z Flip3 / Z Fold3 တွေကို OneUI 6.1 ပေးနေပြီတဲ့

S21 Series နဲ့ Z Flip3 အတွက်က Circle to Search စနစ်ရမယ် Galaxy AI ကို Limited Feature တွေပေးသွားတဲ့သဘောပဲ

Z Fold3 ကိုင်တဲ့သူတွေကတော့ ရွှေပဲဗျာ RAM 12GB ကြောင့် Galaxy AI စနစ် အကုန်နီးပါးရတာလို့လဲတွေ့ရတယ်
၁)Circle to Search ရမယ်
၂)AI-generated wallpapers တွေပါမယ်
၃)Note Assist က note summarisation, auto template ရမယ်
၄)live language translation နဲ့ interpreter mode
၅)Photo Assist က AI Suggestion, Generative Fill ,
၆)Voice Recorder က Transceipt တွေအထိရမယ်ဆိုတော့ကာ Galaxy AI စနစ် အကုန်နီးပါးပဲ

Samsung က AI ခေတ်မှာ Galaxy AI နဲ့ ကြမ်းပြနေတာ နှစ်ကုန်ပိုင်းမှာ Galaxy AI သုံးနေတဲ့ Device ပေါင်း သန်း ၁၀၀ အထိ ခန့်မှန်းထားတယ်လို့သိရတယ်

S22 Series နဲ့ Z Flip & Fold 4 Series က ဒီလထဲမှာပဲ OneUI 6.1 Update နဲ့ Galaxy AI စနစ်ရမှာပါ

image