တစ်ယောက်ယောက်ကို ချစ်ချင်လား ချစ်ပစ်လိုက်၊
တစ်ခုခုကို လုပ်ချင်နေလား လုပ်ပစ်လိုက်၊
တစ်နေရာရာကို သွားချင်လား သွားပစ်လိုက်၊
ပြီးရင် မေ့ပစ်လိုက်၊ ဘာမှမမျှော်လင့်နဲ့၊
ဘာကိုမှ အစွဲအလမ်းမထားနဲ့၊
ဒါက အကောင်းဆုံးသော ဘဝနေထိုင်နည်းတခုပဲ၊
ငါတို့ရဲ့စုတ်ပျက်နေတဲ့ လူနေမှုဘဝမှာ
လုပ်ချင်တာတွေ လုပ်ပြီးလို့
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
"နေတတ်"အောင်သင်ယူဖို့ကလဲ
တကယ် အရေးကြီးတယ် ။
