22 w - Translate

သိနေတဲ့အရာကို
အခင်အမင်ပျက်မှာစိုးလို့
မသိချင်ယောင်ဆောင်ပေးရတာလည်း မေတ္တာပဲ

နာကျင်သွားမှာစိုးလို့
စကားလုံးတွေကိုမပြောပဲ
မြိုသိပ်လိုက်ရတာလည်း မေတ္တာပဲ

ဖိနပ်လေးကြိုးချည်ပေးချင်တာလည်း မေတ္တာပဲ

ပန်းပင်လေးရေလောင်းပေးချင်တာလည်း မေတ္တာပဲ

သေးသေးလေးကအစ
ကူညီပေးချင်တာလည်း မေတ္တာပဲ

တစ်ခါတစ်လေဘာမှမပြောတော့ပဲ
တိတ်ဆိတ်လိုက်တာဟာလည်း မေတ္တာပဲ

သိတယ် မြင်တယ် ကြားတယ် ထိခိုက်နာကျင်
အောင်နည်းမျိုးစုံနဲ့ပြန်ချေပလို့ရတယ် ။
ဒါပေမဲ့ မလုပ်နိုင်ဘူး ဆိုရင် ဒါဟာလည်း မေတ္တာပဲ ..

အ တယ် ၊ နုံ တယ် ၊ မသိဘူး မထင်နဲ့ …
မေတ္တာကလွဲပြီးဘာမှပေးစရာမရှိလို့ ငြိမ်နေတာ
လူတွေရဲ့ …