22 w - Translate

တကယ်ချစ်ရင် ညားကိုညားတယ်။
ပြတ်တယ် , ကွဲတယ်ဆိုတာ option ထဲမှာ မပါဘူး။

Type မတူတာတို့, အသက်ကွာလို့ တို့,
ဘာသာရေး နဲ့ ပတ်ဝန်းကျင်ကြောင့်
ဆိုတာတွေက Reason တွေ။ နှစ်ယောက်လုံးက
တကယ်ချစ်ရင် ပေါင်းကို ပေါင်းရတယ်။

ကိုယ်တွေ ၂ ယောက်ဆို ဘာဆိုဘာမှ မတူ ။ ဆန့်ကျင်ဖက်။ အစွန်းနှစ်ဖက်မှာ။

ဘာသာလဲ မတူ, အသက်ကလဲ ကွာတဲ့အပြင် ရှင်သန်ကြီးထွားလာရတဲ့ ဘဝအခြေနေတွေကလဲ ကွာတော့ ခံယူချက်နဲ့ mindset တွေပါ အရမ်း different ဖြစ်တယ်။

၂ ယောက်မှာ တူတာဆိုလို့ တယောက်ကို တယောက် ချစ်တဲ့ အချစ် ဘဲရှိတယ်။

အဲ့အချစ်ကပဲ အခက်ခဲတွေကြားက အေးချမ်းတဲ့ မိသားစု ဘဝလေး တည်ဆောက်ဖို့ အားတွေရစေတာ။

ချမ်းချမ်း သီချင်းထဲကလိုပဲ "တကယ်ဆိုရင် အချစ်ဘဲလိုတယ်" ။ အဆင်မပြေ ကွဲလွဲတာတွေ ဘယ်လောက်ရှိရှိ ၂ ဖက်လုံးက ဝေးမသွားဖို့ ဆုံးဖြတ်ထားရင် ဘယ်တော့ မှ မဝေးဘူး။

ဝေးသွားတယ် ဆိုတာ တဖက်ဖက်က or နှစ်ဖက်လုံးက ဆက် ကြိုးစား ဖို့လောက်ထိ မချစ်တော့လို့။ အချစ်လျော့လာလို့။

ကိုယ်နဲ့ မတန်လို့ let go လုပ်လိုက်တာပါဆိုတဲ့ ဂျင်းလဲ မယုံနဲ့။ အဲ့ဒါ ကိုယ်နဲ့တန်အောင် ကြိုးစားဖို့လောက် ထိ မချစ်လို့ စကားလှလှလေး သုံးသွားတာပါ ။

image