တချို့လူတွေ ရှိတယ်။
Message တွေနဲ့ chat တဲ့အခါ
သူ့လောက် ရင်းနှီးဖော်ရွေတဲ့သူ
သူ့လောက် ရယ်စရာဟာသပြောတတ်တဲ့သူ
သူ့လောက် တော်ကီကြွယ်တဲ့သူ
သူ့လောက် အီစီကလီတတ်တဲ့သူ
ဒီကမ္ဘာမှာ သူပဲ ရှိသလို။
အပြင်မှာ လူချင်းလည်းတွေ့ရော
သူ့လောက် အနေစိမ်းတဲ့သူ
သူ့လောက် ရှက်တတ်တဲ့သူ
သူ့လောက် စကားနည်းတဲ့သူ
သူ့လောက် တည်ငြိမ်အေးဆေးတဲ့သူ
ဒီကမ္ဘာမှာ သူပဲ ရှိပါတော့တယ်။
အဲ့လိုလူတွေကို Textrovert လို့ ခေါ်ပါတယ်တဲ့။
စာထဲမှာဆို Extrovert ဖြစ်ပြီး
လူတွေ့လိုက်ရင် Introvert ဖြစ်တဲ့ သူတွေပါ။
စာဖတ်သူတွေလည်း ဒီလို Textrovert မျိုး
အနည်းဆုံးတစ်ဦးလောက်တော့ ဆုံဖူးကြမှာပေါ့။
Textrovert တွေဟာ
Online မှာ ပျော်ပါတယ်။
Social Media မှာ ခင်မင်ရင်းနှီးသူ များပါတယ်။
Chatting တွေမှာ confidence အပြည့်ရှိပါတယ်။
ဒါပေမယ့် အပြင်မှာတော့
တစ်ကိုယ်တည်း အေးဆေးနေတတ်ပါတယ်။
အပေါင်းအသင်း တအားနည်းပါတယ်။
စကားကို လိုတာထက်ပိုပြီး ဘာမှမပြောတတ်ပါဘူး။
Textrovert နဲ့ ချစ်သူဖြစ်ရမယ်ဆိုရင်တော့
စိတ်ရှုပ်စရာ ကောင်းပါလိမ့်မယ်။
Message မှာပဲ ချစ်ပြ၊ ကြင်နာပြ၊ ဂရုစိုက်ပြပြီး
အပြင်မှာဆို အူတူတူ ငိုင်တိုင်တိုင်နဲ့
ချစ်သူကို အချစ်တွေ၊ ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေ
မပေးတတ်တဲ့သူ
ပေးရမှာ ရှက်နေတတ်တဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် Textrovert နဲ့ ချစ်သူဖြစ်ရတာ
အားသာချက်တွေလည်း ရှိပါတယ်။
သူတို့ဟာ ချစ်သူထားဖို့ အင်မတန်ခက်ပါတယ်။
တစ်ယောက်ကို ရွေးချယ်လိုက်ဖို့အတွက်
အင်မတန် သတ္တိမွေးရပါတယ်။
ချစ်သူဖြစ်ပြီးရင်လည်း အပြင်မှာအချစ်တွေပြသဖို့
ကြောက်ရွံ့နေတတ်ပါတယ်။
ဒါကြောင့် သူတို့ ချစ်သူတစ်ဦး ရပြီးပြီဆို
နောက်တစ်ဦးနဲ့ ဖောက်ပြန်ဖို့ဆိုတာ
မဖြစ်နိုင်လောက်တဲ့အထိပါပဲ။
စာထဲမှာ အီစီကလီတတ်၊ ကြူတတ်ပေမယ့်
ချစ်သူရှိသွားပြီဆိုရင်တော့ မလုပ်တဲ့သူတွေပါ။
အပြင်မှာ ပြဿနာတွေတက်မှာကို
သိပ်ကိုကြောက်တတ်တဲ့သူတွေမို့ ဖြစ်ပါတယ်။
ဖောက်ပြန်မှုတွေ များလှတဲ့ ခေတ်ကြီးထဲမှာ
မဖောက်ပြန်တဲ့ချစ်သူရဖို့ သိပ်ခက်ပါတယ်။
Textrovert အများစုဟာ
တစ်ယောက်ဆို တစ်ယောက် စွဲမြဲတတ်တဲ့သူတွေ
ဖောက်ပြန်ဖို့ မစဉ်းစားတဲ့သူတွေ ဖြစ်တာကြောင့်
အပြင်မှာ မချစ်ပြဘဲ စာထဲမှာပဲ ချစ်ပြလည်း
လက်တွဲဖို့ သင့်တော်တဲ့သူတွေပါလို့
ကျွန်တော် 90% အာမခံပေးပါရစေ။
(10% ကတော့ ခြွင်းချက်ထားမယ်နော်)