22 w - Translate

" #value_driven_marketing "

Marketing လို့ကြားလိုက်တာနဲ့ လူတိုင်းမြင်တာကတော့ အပြင်တွေထွက်၊ Customers တွေဝယ်အောင် မြူဆွယ်၊ တစ်နည်းအားဖြင့် ဈေးရောင်းကြတယ်ပေါ့။

တကယ်တမ်း Marketing ပြုလုပ်ရာမှာ မိမိကုမ္ပဏီ အရောင်းတက်ဖို့ Brand ကို Market ထဲထိုးဖောက်ဝင်ရောက်ရတယ်၊ ကုမ္ပဏီရဲ့ စီးပွားရေးဈေးကွက် အတွင်းမှာပဲ Customers တွေ အမြဲရှိနေအောင်၊ ဝယ်ဖြစ်အောင် ကြိုးစားရတယ်။

နောက်ထပ် Customer Retention ရအောင် Promotion တွေ လုပ်ရမယ်၊ ပြောရရင်တော့ အကောင်းဆုံးဖြစ်တဲ့ Strategy တွေကို အသုံးချပြီး အရောင်းမြှင့်တင်ခြင်း၊
ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း စတဲ့ အရာတွေပါဝင်ပါတယ်။

Marketing သမားတွေဘာလုပ်ရတာလဲ ?

Marketer တွေရဲ့အလုပ်က မိမိ Target ထားတဲ့ Customer Focus Groups, မိမိကုမ္ပဏီရဲ့ Product, Services နဲ့အညီ အကောင်းမွန်ဆုံး Strategy ကို ဖန်တီးတည်ဆောက် ကြရတယ်၊ အကောင်အထည်ဖော်ကြတယ်။

ဘယ်လိုမျိုး Strategy တွေကို အသုံးပြုသင့်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေကတော့ Marketer တစ်ယောက်နဲ့ တစ်
ယောက် ကွဲပြားခြားနားကြပါတယ်။

ဒီထက်အရေးကြီးတာက မိမိ Customers တွေရဲ့ Daily Lifestyle ကို အကျိုးရှိစေမယ့် အစီအစဉ်တွေကတဆင့် ကိုယ့်ရဲ့ Product and Services ကို အမြဲတမ်းဝယ် အသုံးပြုဖြစ်အောင်၊ TOM (Top of Mind) ဖြစ်အောင်
လုပ်ဆောင်ဖို့လည်း အရေးတကြီး လိုအပ်ပါသေးတယ်။ အဲဒီအခါမှာ Marketer တွေအနေနဲ့ Customer တွေကို Value Added ဖြစ်စေမယ့် Information တွေပေးခြင်း၊ Unique Value တည်ဆောက်ထားခြင်းက များစွာအရေး
ကြီးတဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။

Sales တက်ဖို့ Marketer တွေ ဘာလုပ်ကြလဲ ?

Value Driven Marketing ပြုလုပ်ရာမှာ ဈေးဝယ်သူတွေဟာ မိမိကုမ္ပဏီက ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကိုပဲ စဉ်ဆက်မပြတ် အမြဲတမ်း အားပေးအောင် အကောင်းဆုံး ဆောင်ရွက်နိုင်ရမှာပဲ ဖြစ်ပါတယ်။ ခဏခဏလာဝယ်ဖို့နဲ့
Sales တက်ဖို့ဆိုတာ မိမိ ကုန်အမှတ်တံဆိပ်အပေါ် Loyalty ရှိနေမှ ရမှာဖြစ်ပါတယ်။

Shopping Experience ကောင်းတစ်ခုပေးနိုင်ဖို့ Product ထိတွေ့နေရတဲ့ နေရာတွေ အားလုံးမှာ အစစအရာရာ သတိထားရပါတယ်။

Value-Driven Marketing ဆိုတာ -

✅ ဈေးကွက်ရှာဖွေရေး ပြုလုပ်ရာမှာ စဉ်းစားသုံးသပ်သင့်တဲ့ အခြေခံကျတဲ့အရာတစ်ခု ဖြစ်ခြင်း။

✅ မိမိရဲ့ Brand ကို သိရှိစေခြင်း။

✅ Customers တွေရဲ့ Awareness ကောင်းကောင်းရအောင် မိမိရဲ့ Brand Direction အပေါ်မူတည်ပြီး လိုအပ်တဲ့ Tactics တွေပြုလုပ်ခြင်း။

✅ Loyalty တည်ဆောက်ခြင်း။ Loyalty တည်ဆောက်ရာမှာလည်း Short-term ရော Long-term အတွက်ပါ သုံးသပ်ဖို့ လိုအပ်ခြင်း။

✅ Potential Customers တွေအတွက် Positive Moment တွေဖန်တီးပေးခြင်း။

ဥပမာ- သင်္ကြန်မကျခင် ပိတောက်ပန်းနဲ့အလှဆင်တာမျိုး။

✅ Events များ ဖန်တီးပြုလုပ်ပေးခြင်း။

✅ Department အလိုက်ညှိနှိုင်းပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်တဲ့ Promotion များ ဖန်တီးပေးခြင်း။

အခုပြောပြသွားတဲ့ အကြောင်းအရာတွေဟာ Value-driven Marketing နဲ့ ပတ်သက်ပြီး အခြေခံ သိထားသင့်တဲ့ အကြောင်းခြင်းရာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုမျိုး Strategy တွေ၊ Tactics တွေနဲ့ ဆောင်ရွက်တယ် ဆိုတာကတော့ ကိုယ့်ရဲ့ Product/ Services Brand တွေအပေါ် မူတည်ပြီး ကွဲပြား ခြားနားနိုင်ပါတယ်။

အများနဲ့မတူ Value Differentiate လုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

မိမိ ကုမ္ပဏီကို Value တည်ဆောက်ရင်း တွန်းအားပေးတိုးတက်လာအောင် မြှင့်တင်ကာ ကုမ္ပဏီအနာဂတ်အောင်မြင်မှုကို ရရှိအောင်လုပ်ကိုင်ကြဖို့ အမှန်တကယ်လိုအပ်ပါတယ်။

image