22 w - Translate

လာမည့်ရာသီ ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက်ကိုယ်စီရှိနေတဲ့ ကလပ်အသင်းများ

နာမည်ကျော်ပရီးမီးယားလိဂ်ဟာ ပွဲစဉ်(၃၅)အပြီး အမှတ်ပေးဇယားအဆင့်(၄)မှ အဆင့်(၁၀) အတွင်း အသင်းများဟာဥရောပဝင်ခွင့်အတွက်မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။အမ်မရီရဲ့ အက်စတွန်ဗီလာအသင်းက (၆၇)မှတ်၊ပိုစတယ်ဂိုဂလူးစ်ရဲ့တော့တင်ဟမ်ဟော့စပါးအသင်းက (၆၀)မှတ်၊တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက (၅၄)မှတ်၊ဟောင်းရဲ့ နယူးကာဆယ်အသင်းက (၅၃)မှတ်၊ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းက (၅၁)မှတ်၊မွိုက်စ်ရဲ့ ဝက်ဟမ်းအသင်းက (၄၉)မှတ်၊အာရီယိုလာရဲ့ ဘုန်းမောက်အသင်းက (၄၈)မှတ် အသီးသီးရယူထားနိုင်သည်။ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဗီလာ နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့သာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်များအတွက် တော့တင်ဟမ်ဟော့စပါး၊မန်ချက်စတာယူနိုက်တက်၊နယူးကာဆယ်၊ချယ်လ်ဆီး အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ချန်ပီယံလိဂ်ဝင်ခွင့်လက်ကျန် (၁)နေရာအပြင် ယူရိုပါလိဂ်(၂)နေရာ နဲ့ ကွန်းဖရန့်စ်လိဂ်ဝင်ခွင့်(၁)နေရာကို ဘယ်အသင်းတွေ ရယူသွားနိုင်မလဲ❓

image