22 w - Translate

ဈေးကွက်ထဲမှာ တွေ့ရအများဆုံးဖြစ်တဲ့ Solar Cell Panel များ

ဆိုလာအကြောင်းကို အကြမ်းဖျဥ်း သမိုင်းပြန်လှန်ရရင် ပြင်သစ်ကစပါတယ်။ ၁၈၃၉ မှာ ပြင်သစ်နိုင်ငံက ရူပဗေဒပညာရှင်တစ်ဦးဖြစ်သူ Edmond Becquerel က တစ်ချို့ဓာတ်ပစ္စည်းတွေဟာ နေရောင်ထိတဲ့အခါ လျှပ်စစ်ထုတ်လုပ်နိုင်ကြောင်းကို စတင်တွေ့ရှိရာက Solar Cell အကြောင်းကို စတင်တွေ့ရှိခဲ့ပါတယ်။

၁၈၈၃ မှာတော့ အမေရိကန် တီထွင်ပညာရှင် Charles Fritts ဆိုသူက ပထမဆုံး Solar Cell ကို Selenium Wafers လို့ခေါ်တဲ့ Non-metal Element ကိုသုံးပြီးတီထွင်ခဲ့ပါတယ်။ ဒါပေမယ့် ခုခေတ်မှာသုံးနေတဲ့ Solar Cell တွေလောက် Efficient မဖြစ်သေးပါဘူး။ အဲ့ဒီနောက် ဆက်ပြီးလေ့လာလိုက်တဲ့အခါ ၁၉၅၄ ခုနှစ်မှာတော့ အမေရိကန် Bell Labs မှာရှိတဲ့ သိပ္ပံပညာရှင်တွေက Silicon Solar Cell ကိုတီထွင်နိုင်ခဲ့ပြီး Power Efficiency ကလည်း 6% ထိရှိခဲ့ပါတယ်။

ဒီနေ့ခေတ်မှာသုံးနေတဲ့ Solar Panel တွေကတော့ Power Efficiency အတော်လေးမြင့်လာပါပြီ။ အကြမ်းအားဖြင့် ခုခေတ်မှာသုံးနေတဲ့ Solar Panel တွေကို ၄ မျိုးခွဲနိုင်ပါတယ်။

၁. Monocrystalline silicon solar panels
ဒီကောင်တွေက ဈေးကွက်ထဲမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ Solar Cell တွေပါ။ အနက်ရောင်ရှိပြီး ၈ထောင့် Pentagon ပုံစံ Cell Block တွေအနေနဲ့တွေ့ရနိုင်ပါတယ်။ Power Efficiency ကလည်း 15%-20% ဝန်းကျင်ထိရနိုင်ပါတယ်။ ဒီ Solar Panel တွေရဖို့အတွက် Silicon တွေကို အချောင်းလိုက်ဖြတ်ချပြီး အချပ်တွေအဖြစ်ပြုလုပ်ပါတယ်။ အပူချိန်မြင့်မားတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်။

၂. Polycrystalline silicon solar panels
ဒီကောင်တွေကတော့ Silicon တွေကို အရည်ဖျော်ပြီးမှ အချပ်တွေပြုလုပ်လေ့ရှိပါတယ်။ Power Efficiency ကတော့ 13%-16% ထိရှိပါတယ်။ Cell Panel တွေက အပြာရောင်အဖြစ်ပြီး ထုတ်လုပ်ရေးစားရိတ်သက်သာလို့ ဈေးကွက်ထဲမှာ ဈေးသက်သာပါတယ်။ အတော်လေးမြင့်မားတဲ့ အပူချိန်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

၃. Thin-film solar panels
ဒီကောင်တွေရဲ့ Power Efficiency က 5% -12% ထိပဲရှိပေမယ့် ပျော့လွယ်၊ ပြောင်းလွယ်ရှိတာမို့ အလွယ်တကူ သယ်ဆောင်ပြီး လုပ်ကိုင်ရတဲ့ နေရာတွေမှာ အသုံးများပါတယ်။ ဒီအမျိုးအစားတွေကို အလင်းရောင်အားနည်းပြီး အလေးချိန်လျော့ချဖို့ Portable ဖြစ်ဖို့အတွက် အဓိကအသုံးချကြပါတယ်။ ဒီ ​Thin-Film မှာပဲ Cadmium telluride (CdTe), Amorphous silicon (a-Si), Copper indium gallium selenide (CIGS) ဆိုပြီး အမျိုးကွဲ ၃ မျိုးထပ်ရှိပြီး ဈေးတွေနဲ့ Power Efficiency လည်း မတူကြပါဘူး။

၄. Passivated Emitter Rear Cell (PERC) solar panels
ဒါကတော့ Monocrystalline အမျိုးအစားကိုပဲ Power Efficiency ပိုကောင်းအောင် Panel အပေါ်မှာ Coating တွေထပ်တင်ထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ Power Efficieny 22% ထိရနိုင်ပြီး ဈေးကလည်း အတော်လေးမြင့်တာကြောင့် တော်ရုံနေရာတွေမှာ မသုံးကြပါဘူး။

ဒီလောက်ဆိုရင် Solar Panel တွေအကြောင်း အကြမ်းဖျဥ်းသိနိုင်မယ်လို့ ထင်ပါတယ်။

image