အခုနောက်ပိုင်းမှာ…
ကြုံတွေ့နေရတဲ့အတွေးလေးတွေက ဘာတွေလဲဆိုတော့ အနီးစပ်ဆုံးဖြစ်တဲ့ “မနက်ဖန်” လောက်ကိုဘဲ positive မျှော်လင့်နေမိတော့တယ်။ အဲ့မနက်ဖန်ဆိုတဲ့ရက်ကို ကျော်တာနဲ့ “သဘက်ခါ” လောက်အထိကိုတောင် “မှန်းထားတဲ့အတိုင်းဖြစ်မှာဘဲ” လို့ တစ်ထစ်ချမယုံကြည်ရဲတော့ဘူး။
ဆိုလိုတာက ကိုယ်က ပျော်ရွှင်စရာတခုခုကိုကြိုတွေးထားတယ်ဆိုပါတော့ “ဘယ်ရက် ဘယ်ရက်တွေမှာ ဘာတွေလုပ်မယ်၊ ဘယ်သွားမယ်၊ ဘာစားမယ်၊ ကမ်းခြေသွားမယ်၊ တောင်ပေါ်သွားမယ်၊ ပန်းခြံသွားမယ်၊ Zoo သွားမယ်…” စသဖြင့်ပေါ့။
အဲ့လိုဟာတွေကို ၁ လလောက်မပြောနဲ့၊ ၁၀ ရက်လောက်ကြိုတွေးထားမယ်ဆိုရင်တောင် အစီစဉ်ပျက်မှာကိုကြောက်စိတ်ကြီးက အလိုလိုဝင်နေရော၊ “မနက်ဖန်” ဆိုတဲ့အနေထားလောက်ရောက်မှ.. “ဪ… ငါမနက်ဖန်တကယ်ကိုပျော်ရလောက်မှာပါ” ဆိုတဲ့အတွေးလေးကရတယ်။ ရက်တွေဝေးသွားရင် အစီစဉ်ပျက်မှာ(မပျော်ရမှာ) ကိုအကြောက်ဆုံးဘဲ၊ တစ်ခုခုပျော်နေရပြီဆိုရင်တော့… “ဪ… ငါ့မှာ ဒါလေးပျော်ပြီးရင် ဘယ်ရက်မှထပ်ပျော်ရပါဦးမလဲ” ဆိုတဲ့ စိုးရိမ်စိတ်ကအမြဲမကင်း ဖြစ်နေတယ် 😩😩😩