22 w - Translate

မဆက်သွယ်တော့ဘူးနော်
သိပ်ချစ်လို့ပါ ။

တကယ်တော့လေ....
ကိုယ်က သိပ်အချစ်ခံချင်တဲ့သူ

မင်း သိပ်ချစ်တဲ့ သူ
မင်းအတွက် အရေးပါတဲ့သူ ဖြစ်ချင်ခဲ့တာပါ ။

ကိုယ် မသိခဲ့ဘူး ။
ကိုယ်သိပ်အတ္တကြီးခဲ့တယ်ဆိုတာ....

ကိုယ့်အချစ်ကြောင့် မင်းမွန်းကြပ်ခဲ့တာတွေအတွက်
မဆက်သွယ်ခြင်းနဲ့
ပြန်အလျော်ပေးပါ့မယ် ။

မြိုသိပ်ရတာတွေကို
သိပ်မုန်းတယ် အချစ်ရယ် ။

မမုန်းဘဲ နှုတ်ဆိတ်ငြိမ်သက်ရခြင်းက
ငရဲတစ်မျိုးပဲလား ။

ချစ်နေပါလျက် သူစိမ်းဆန်ရခြင်းက
သိပ်ကို ခါးသီးလွန်းတယ် ။

နေနိုင်လိုက်တာလို့ မင်း ထင်နေမလား ။
နေနိုင်ဖို့ကြိုးစားနေရတဲ့ ဒဏ်ရာကို
မင်းမြင်ခဲ့မယ်ဆိုရင်လေ ။

မင်းထင်တာထက်
ဒဏ်ရာပိုနက်ပါတယ် အချစ်ရယ် ။

အချစ်ခံရဖို့ မျှော်လင့်ရင်း
ချစ်နေပေးခဲ့ရတဲ့အချိန်တွေ

အရေးပေးခံရဖို့ ကြိုးစားရင်း
တန်ဖိုးမဲ့ခဲ့တဲ့ဂရုစိုက်မှုတွေ

သိပ်ချစ်တာကို သိစေဖို့
နင်းချေခံလိုက်ရတဲ့မာနတွေ

မင်းအမှတ်ရမယ်ဆ်ိုရင်ပေါ့
သတိတရရှိနေဦးမယ်ဆိုရင်ပေါ့

မင်းသိတာထက် ပိုချစ်ခဲ့တဲ့သူက
မင်းမသိအောင် ဆက်ချစ်နေဦးမှာပါ ။

image