22 w - Translate

အားမနာပါနဲ့။

အဲဒီ အားနာတာကြီးက
ကောင်းကျိုးထက် ဆိုးကျိုး ပိုများတယ်။

သူငယ်ချင်းတွေထဲမှာလည်း
အားနာလို့ ဘဝပျက်သွားတဲ့လူတွေ
အများကြီးဘဲ။

ကျွန်တော်တို့ ဆယ်ကျော်သက်
ဝန်းကျင်က အရမ်းလက်တဲ့စမ်းတဲ့
အရွယ်တုန်းက ဆိုရင် ..

လူအများစု လုပ်နေကြတဲ့ကိစ္စကို
ကိုယ်က ဝင်မလုပ်ဘူးဆိုရင်
Cool မဖြစ်တဲ့ အာပေတူးကောင်လို့
သတ်မှတ်ခံရတာ မျိုးတွေရှိတယ်။

အခုထိလည်း ရှိတုန်းဘဲ။

အဲဒီတုန်းက ဘော်ဒါဆယ်ယောက်
ပေါင်းတယ်။

တရက် အဖွဲ့ထဲက ပိုက်ဆံရှိတဲ့
တစ်ယောက်က WY တွေ
ယူချလာတယ်။

သူ့ကို ဘယ်သူက သင်ပေးလိုက်လဲတော့
မသိဘူး။ ပိုက်တွေ ဗူးတွေနဲ့
ကျကျနနကြီး ရှုပြပါလေရော။

ပြီးတော့ WY ကောင်းကြောင်းကို
မားကတ်တင်း ဆင်းတယ်။

ဒါသောက်ပြီးရင် မအိပ်ချင်ဘူး။
ဒါချပြီး စာကျက်ရင်ပိုပြီး စာရတယ်။
ဒါချပြီး ဘောလုံးကန်ရင် သူများထက်
ပိုပြေးနိုင်တယ်။
ဒါချပြီး ဂိမ်းဆော့ရင် ပိုဆော့နိုင်တယ်။
ဒါချပြီး sex လုပ်ရင် ပိုလုပ်နိုင်တယ်။

မကောင်းတာ ဘာမှ မရှိဘူး။

အကုန်အကောင်း တွေချည်းပြောပြီး
နတ်ဆေးလိုလို ဘာလိုလိုနဲ့ သူချဖို့
အဖော်ရအောင် မားကတ်တင်းဆင်းတာ။

အစပိုင်း ကောင်းကြောင်းပြောတာပေါ့။

နောက်ပိုင်း ငြင်းတဲ့သူများတော့ ...

"သားကြီး မင်းက ငါ့ကိုမချစ်ဘူးလား"ဆိုတဲ့
စကားနဲ့ အကြပ်ကိုင်တယ်။

အဲဒီမှာ အားနာပြီး
စိတ်ပျော့ တဲ့ကောင်တွေက
မချစ်ဘူးလို့ အထင်မခံရဖို့
ဝင်ပြီး စမ်းလုပ်ကြည့်ရင်းနဲ့
ငါးယောက်လောက် ဆေးသမား
ဖြစ်ကုန်ပြီး စိတ်ကူးယဥ်
ကမ္ဘာထဲမှာ ပျော်သွားကြတယ်။

လက်တွေ့ဘဝကို သိပ်ပြီး
အာရုံမလာတော့ တခုမဟုတ်
တခုချနေရမှ နေပျော်သွားကြတယ်။

ဒီတော့ Wy ရှိရင် Wy ချတယ်။
မရှိရင် ဘိန်းမဲ။ ဘိန်းဖြူ။
အစုံဘဲ။

အာားလည်းမနာသလို ပိုက်ဆံလည်းမရှိတဲ့
ကိုယ်တွေလို မျက်နှာမွဲတွေကျတော့
ဆက်မပေါင်း ဖြစ်တော့ဘူးပေါ့။

ဆက်မပေါင်း ဖြစ်တာလည်း
ကောင်းသွားပါတယ်။

ကျောင်းသားဘဝက
ဘက်စုံထူးချွန်ပြီး အစစအရာရာ
တော်တဲ့ သူငယ်ချင်းတွေတောင်
အဲဒီဆေးလိုင်းဝင်သွားလိုက်တာ
အခုထိ ထောင်နဲ့ ရွာသာကြီး
ဆေးဖြတ်စခန်းကို ဝင်လိုက်
ထွက်လိုက်ဘဲ။

အရမ်းနှမြောစရာကောင်းတယ်။

ချတဲ့ကာလ ဆယ်စုနှစ်လောက်
ကြာသွားတဲ့အချိန်ကျတော့
အတွင်းထဲက Organ တွေကော
ဦးနှောက်တွေကပါ ပုံမှန်
Function မဖြစ်တော့ဘူး။

အားနာလို့ ဘဝပျက်သွားကြတာ။

အခုခေတ်ကျတော့ ဆေးပုံစံ
ပြောင်းသွားပြီ။
သားကြီး ငါ့ကိုချစ်ရင် K တကြောင်းရှု
ခေတ်ဖြစ်နေပြီ။

လူကြီးတွေကော လူငယ်တွေကော
ချနေကြပြီ။ မချတတ်ရင်တောင်
Cool မဖြစ်သလို ဆက်ဆံ ခံရတဲ့
ကာလဖြစ်နေပြီ။

လူငယ်သဘာဝ
ဆေးလိပ်သောက်၊ အရက်သောက်
ဝိရှု တာ ကြီးကြီးမားမား
ပြဿနာမရှိပေမယ့်
အဲဒီ ဓာတုဗေဒ အပေါစားတွေနဲ့
လုပ်ထားတဲ့ ဟာတွေတော့
အားနာပြီး သွားမစမ်းပါနဲ့။

သူ့ဟာသူ ကြိုက်လို့ချရင်ချ။

ကိုယ်ကတော့ အားနာပြီး
လိုက်မချမိဖို့ သတိပေးချင်တာ။

ဆေးချပြီး စိတ်ကူးယဥ်ကမ္ဘာထဲမှာ
ပျော်ရတာ တကယ့်ပျော်ရွှင်မှု
အစစ်အမှန်မှ မဟုတ်တာ။

Reality ဘဝမှာ တကယ်ပျော်ရတာကမှ
ပျော်ရွှင်မှုအစစ်အမှန်ပါ ညီကိုတို့။

ကျွန်တော့ရဲ့ အားနာတတ်တဲ့
ဘော်ဒါ တဝက်လောက်က
ဘဝတွေပျက်ပြီး
ထောင်နဲ့ဆေးရုံသွားနေရသလို
မဖြစ်စေချင်လို့ ဆဲမယ်မှန်းသိသိကြီးနဲ့
အမုန်းခံပြီး ခဏခဏရေးပေးနေတာပါ။

အားမနာသင့်တဲ့နေရာ အားမနာပါနဲ့။

ကိုယ့်ဘဝပျက်လောက်တဲ့အထိ
အားမနာဖို့ ဘဝအတွေ့အကြုံတချို့ကို
သိသလောက်လေး Sharing
လုပ်ပေးလိုက်ပါတယ်။