ငါးအသားနွှင်ငပိထောင်း
မျှင်ငပိ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းဖုတ်ထားပါ။ ငါးကြင်း ငါးမြစ်ချင်းကို အတုံးတုံးပြီး အရသာမှုန့်နယ်ကာ မီးဖြင့် ဟိုဘက်ဒီဘက် ကင်ပေးထားပြီး အသားနွှင်ထားပေးပါ။ ဖုတ်ထားတဲ့ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုညက်အောင်ထောင်း မျှင်ငပိဖုတ်ထားတာကိုလည်းထည့်ထောင်း နောက်ဆုံးမှ ငါးအသားမျှင်လေးကိုထည့်ထောင်းပေးပါ။ အပေါ်မှ သံပုရာရည်ရွဲရွဲလေးညှစ်ပြီး ငါးအသားနွှင်ငပိထောင်းရှူးရှဲလေးစားကြရအောင် ချစ်တို့ရေ …
#cooking
