22 w - Translate

Google Pixel 8 မှာ Gemini Nano AI ပါလာမည်
============================
Google က Gemini AI မော်ဒယ်တွေကို ကြေညာထားပြီး အဲဒီအထဲမှာ Gemini Nano AI လည်း ပါပါတယ်။ Gemini Nano AI ဟာ On-device မှာ Run တဲ့အတွက် Offline အလုပ်လုပ်ပါတယ်။
Google က Pixel 8 နဲ့ Pixel 8 Pro ကို ထုတ်လုပ်ရောင်းချထားပြီး တူညီတဲ့ Chipset ထည့်သွင်းထားပါတယ်။ Google က Pixel 8 Pro မှာပဲ Gemini Nano AI ကို ထည့်သွင်းပေးမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပေမယ့် အခုတော့ Pixel 8 မှာလည်း ထည့်သွင်းပေးမယ်လို့ သိရပါတယ်။ ဇွန်လမှာ ထွက်မယ့် Pixel Feature Drop ရဲ့ Developer Preview မှာ အဲဒီ စွမ်းရည်ကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
Gemini Nano မှာ စွမ်းရည် အသစ် ၂ ခု ပါလာမှာ ဖြစ်ပါတယ်။ Gboard မှာ Smart Reply ကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး Recorder က အသံတွေကို အကျဉ်းချုပ် ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Google က Gemini Nano ကို Pixel 8 ပိုင်ရှင်တွေက အသုံးပြုချင်နေကြတယ်လို့ ပြောပါတယ်။ စမတ်ဖုန်းတွေရဲ့ AI နည်းပညာတွေဟာ အပြိုင်အဆိုင် ဖြစ်လာကြပါပြီ။
Ref : theverge
Credit to digitaltimes

image