22 w - Translate

ကျွန်တော်တို့အိမ်အောက်မှာ City Express ရှိတယ်

သူ့ဘေးနား 2အိမ်ကျော်မှာ ဆိုင်ခန်းလေးရှိတယ်🏪

အဲ့ဒီဆိုင်ခန်းလေးထဲမှာ လုပ်ငန်းမျိုးစုံလာငှားပြီး
စျေးရောင်းကြတယ်...
- Handbag အိတ်ဆိုင်
- ကိတ်မုန့်ဆိုင်
- Beauty Salon တွေ၊
- လက်သည်းပြင်တဲ့ဆိုင်
စသဖြင့် ဆိုင်မျိုးစုံလာဖွင့်ကြတယ်

ဒါပေမဲ့ ဘယ်ဆိုင်မှ ကြာကြာမခံဘူး
အိမ်နားက လူပြတ်တော့ သိပ်မှမရောင်းရတာ

ဆိုင်တိုင်းလိုလို ဖွင့်ပြီး သုံးလေးလလောက်ကြာတာနဲ့
အရင်းပြုတ်သွားတတ်ကြတယ်... 📉

=====

တစ်နေ့ကျတော့ အဲ့ဒီမြေညီထပ်ဆိုင်ခန်းလေးမှာ
ဆိုင်းဘုတ်အသစ်လာတပ်နေတာ သတိထားမိတယ်

ကျွန်တော်ကတော့ ရှေ့ကဖွင့်ခဲ့တဲ့ဆိုင်တွေလိုပဲ
သိပ်ခံမှာမဟုတ်ပါဘူးလေ လို့ပဲ တွေးမိတာပေါ့

ဘာရောင်းမှာလဲမေးကြည့်တော့ စတိုးဆိုင်တဲ့

City Express လို မျိုးစုံရတဲ့ ဆိုင်ကြီးဘေးမှာ
နာမည်မရသေးတဲ့ Convenient Store တစ်ခု
လာဖွင့်တာဆိုတော့ ရူးများနေလားပေါ့ 😦

တော်တော်အံ့ဩသွားတယ်

သူဌေးနဲ့စကားပြောကြည့်တော့
သူတို့က City Express ထက် သာအောင်လုပ်မှာတဲ့

စျေး​ပိုသက်သာစေရမယ်ဆိုတဲ့ကတိနဲ့ရောင်းမယ်တဲ့

ကျွန်တော်လဲစိတ်ဝင်တစားနဲ့စောင့်ကြည့်နေတာပေါ့

=====

ထင်ထားတဲ့အတိုင်းပဲ
စတိုးဆိုင်အသစ်လဲ ဝယ်သူလုံးဝမရပါဘူး 😔

စျေးကတော့ တကယ်သက်သာတယ်ဗျာ

City Express မှာ ကော်ဖီတစ်ဗူး 2300 ဆို
သူတို့ဆိုင်မှာ 1800 ပဲရှိတယ်...
တကယ်သက်သာတာပါ ✨

ဒါပေမဲ့ သူတို့ကအခုမှစဖွင့်တော့ ပစ္စည်းမစုံဘူးဗျ

City Express မှာ အာလူးကြော် သုံးလေးမျိုးရရင်
သူတို့ဆိုင်မှာ တစ်မျိုးပဲရတယ်..

အရက်ဘီယာလဲလုံးဝမရောင်းဘူး..

ဒါ့ကြောင့်လဲ Customer တွေက နာမည်ရပြီးသား
City Express မှာပဲ စျေးကြီးပေးပြီးဝယ်ကြတယ်

စတိုးဆိုင်အသစ်လေး သက်ဆိုးရှည်ပါ့မလားလို့...​😔

=====

တစ်နေ့ကျတော့ သူတို့ရဲ့စတိုးဆိုင်အထဲမှာ
ထိုင်ခုံတွေအသစ်တွေ ထည့်နေတာတွေ့ရတယ်

ထည့်ပြီးသွားတော့ ဝန်ဆောင်မှုသစ်မိတ်ဆက်တယ်

300 ကျပ်တည်းနဲ့ ခေါက်ဆွဲပြုတ်ပေးပြီး
ဆိုင်ထဲမှာတခါတည်းထိုင်စားလို့ရမယ်ပေါ့ 🍜

Wifi Free လဲပေးထားတယ်

ဒီလိုပြောင်းလဲပြီးတဲ့အချိန်မှာ သူတို့ရဲ့ဆိုင်မှာ
လူငယ်​ Customer​ အသစ်တွေ ရလာတာတွေ့ရတယ်

လူငယ်တွေက မီးပျက်ရင်
- အဲကွန်းလေးနဲ့
- Wifi Free လေးနဲ့
- 300 ပိုပေးပြီး ခေါက်ဆွဲပြုတ်လာစားရင်း
- ဖုန်းလာသုံးကြတယ်

ခေါက်ဆွဲပြုတ်ခ 300 ကလဲ တန််တယ်ဗျ 🤩

City Express မှာ ခေါက်ဆွဲတစ်ထုတ် 2800 ဆို
သူတို့ဆိုင်မှာက တစ်ထုတ် 2300 လေ..
300 ထပ်ပေးမှ 2600 ပဲရှိဦးမယ် 🤔

စျေးလဲအတူတူလောက်ဖြစ်နေပြီဆိုတော့
ဘာဖြစ်လို့များ City Express ကဝယ်ပြီး
အိမ်မှာအပင်ပန်းခံပြုတ်စားမလဲ? 😁

Wifi Free လဲရတော့ ဆိုင်မှာပဲထိုင်စားတော့မှာပေါ့

ဒီလိုနဲ့ စတိုးဆိုင်လေးက လူစည်လာပြီး
Convenient Store ဆိုတဲ့နာမည်အစား
Wifi Free ရတဲ့ ခေါက်ဆွဲပြုတ်ဆိုင်ဆိုပြီး
လူငယ်တွေကြားထဲမှာခေတ်စားလာတယ်.. 💖

=====

ဒီမှာ သတိထားမိတာက
စျေးကွက်ထဲမှာရပ်တည်ဖို့ဆိုရင်
စျေးသက်သာတယ်ဆိုတဲ့ ထူးခြားချက်တစ်ခုနဲ့တင်
ရပ်တည်ဖို့ မလုံလောက်တော့ဘူး...

သူများနဲ့မတူ ထူးခြားချက်ရှိနေမှသာ
Competitor​ တွေနဲ့ ပြိုင် Fight လို့ရမှာဖြစ်တယ်✅

City Express မှာလဲ ခေါက်ဆွဲပြုတ်ပေးပေမဲ့
- ထိုင်စားစရာ ထိုင်ခုံမရှိဘူး
- Wifi Free မပေးဘူး
- Fancy ပန်းကန်နဲ့လာမချပေးဘူး
- ခေါက်ဆွဲဘူးလောက်ပဲပြုတ်လို့ရမယ်

အိမ်အောက်က ဆိုင်သစ်လေးဟာဆိုရင်တော့
ဒီလိုနဲ့ပဲ ထူးခြားချက်(Unique Selling​ Point)
ဖန်တီးပြီး စျေးကွက်မှာ နေရာတစ်ခုရလာခဲ့တယ်

=====

Facebook​ မှာလဲ ပြိုင်ဖက်တွေက အများကြီးပါ

ကျွန်တော်တို့ဆီမှာ သူမတူတဲ့ထူးခြားချက်မရှိရင်
ကြာကြာရပ်တည်ဖို့မလွယ်ပါဘူး...

ထူးခြားချက်ဆိုတဲ့နေရာမှာလဲ
"စျေးပိုသက်သာပါတယ်" ဆိုတာနဲ့တင်မရတော့ဘူး

Customer Experience လိုမျိုး
ပိုက်ဆံထက်ပိုတဲ့ ထူးခြားချက်တွေလိုလာပြီ...🌟

=====

ကိုယ့် Page ရဲ့ Superpower (ထူးခြားချက်)​ဆို
ဘာလေးများဖြစ်နိုင်မလဲ? 💖

မရှိရင် ထူးခြားအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ?