22 w - Translate

သူငယ်ချင်းကောင်းမှန်ရင် ဒါမျိုး ဘယ်တော့မှ မလုပ်ဘူး

တချို့တွေကျတော့သူငယ်ချင်းတွေ အများကြီးထားရတာ ကြိုက်တယ်၊ တချို့ကျတော့လည်း လူနည်းနည်းလေးနဲ့ပဲ ပေါင်းရတာ ပိုသဘောကျတတ်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းများသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ သူငယ်ချင်းကောင်းတွေကတော့ ဘဝမှာ တကယ်ကို လိုအပ်တဲ့အရာပဲ။ သူငယ်ချင်းတွေ အများကြီးရှိတဲ့ထဲကမှ သူငယ်ချင်းကောင်းတွေဆိုတာ ကိုယ့်အပေါ်ဘယ်လိုအရာတွေ မလုပ်တတ်ဘူးဆိုတာ တစ်ချက်လောက် ဖတ်ကြည့်ပါဦး။

၁။ ကိုယ့်အကြောင်း ဘယ်တော့မှ အတင်းမပြောဘူး

တကယ့်သူငယ်ချင်းအစစ်ဆိုတာ ကျောကွယ်သွားတာနဲ့ အတင်းလှည့်ပြောတဲ့သူမျိုး မဟုတ်ပါဘူး။ သူတို့ ပြောစရာရှိရင် ခံရခက်မယ့်စကားဆိုရင်တောင် ခင်ဗျားရှေ့မှာပဲ ဘွင်းဘွင်းပြောချပစ်မှာပါ။ အဲဒီလို ပြောလိုက်လို့ ခင်ဗျား စိတ်ဆိုးသွားမှာလည်း မမှုဘူး၊ ဒီလို စိတ်ဆိုးသွားမှာထက် ခင်ဗျားအကြောင်းနောက်ကွယ်မှာပြောရမှာကိုပဲ မုန်းကြတာမျိုးပါ။

၂။ နှစ်ကိုယ်ကြားစကားတွေ၊ လျှို့ဝှက်ချက်တွေကို မပေါက်ကြားစေရဘူး

ဘဝမှာ ကိုယ့်ကိုယ်ကိုယ်အပြင်ယုံကြည်ရမယ့် လူတစ်ယောက်ရွေးပါဆိုရင် မိသားစုအပြင် သူငယ်ချင်းကောင်းပဲဖြစ်ပါလိမ့်မယ်။ သူတို့က ခင်ဗျားယုံကြည်လို့ ဖွင့်ပြောထားတဲ့အရာမျိုးကို သူများတွေကို လျှောက်ပြောတာမျိုး လုပ်မှာမဟုတ်ဘူး။ တကယ်လို့ တခြားတစ်ယောက်က လာစပ်စုရင်တောင် ငါမသိဘူးလေလို့ ခပ်တည်တည်ဖြေမှာ။ ဒါကြောင့်ပဲ ခင်ဗျားရဲ့အတွင်းရေးတွေကို သူတို့နဲ့ ဆွေးနွေးလို့ ရတာပေါ့။

၃။ ရင်ဖွင့်သမျှ နားထောင်ပေးကြတယ်

ဟုတ်ပါတယ်၊ သူငယ်ချင်းကောင်းတွေဆိုတာ အကောင်းဆုံးရင်ဖွင့်ဖော်တွေပါပဲ။ ခင်ဗျားစိတ်ပဲညစ်ညစ်၊ ပျော်ပဲ ပျော်ပျော်၊ အသည်းကွဲပြီး ငိုငို၊ အိမ်နဲ့ပဲ ရန်ဖြစ်လာလာ သူတို့ဟာ နားထောင်ပေးဖို့ အဆင်သင့်ရှိနေပါလိမ့်မယ်။ နားထောင်ပြီးရင်လည်း အကြောင်းအကျိုး အကြံပေးဦးမှာပါ။

၄။ ကိုယ့်ကို ဘယ်တော့မှ စိတ်ပျက်အားလျော့အောင် လုပ်မှာမဟုတ်ဘူး

ကိုယ့်ရဲ့ အိပ်မက်တွေ၊ စိတ်ကူးအကြီးကြီးတွေ ပြောပြလိုက်လို့ သူတို့က ခွီလွှတ်မှာမဟုတ်ဘူး၊ တစ်ခုခုဆို သားကြီး ချချတို့၊ နင် ဘာလို့ မလုပ်နိုင်ရမှာလဲ တို့ ပြောပေးမှာ သူငယ်ချင်းကောင်းတွေပါ။ တကယ်လို့ သူတို့က တစ်ခုခုတားရင်တောင် ခင်ဗျားရဲ့အကျိုးအတွက်ပဲ ပြောတာ ဖြစ်မှာပါ။ ပြီးတော့လည်း ခင်ဗျားကို မနာလိုဖြစ်မှာ မဟုတ်သလို လိုတဲ့နေရာတောင် ပါရမီဖြည့်ပေးမှ တကယ့်သူငယ်ချင်းကောင်းတွေလို့ ခေါ်လို့ ရတာပါ။

၅။ ကိုယ့်ကို ဘယ်တော့မှ တစ်ယောက်တည်းမထားခဲ့ဘူး

သူငယ်ချင်းကောင်းမှန်ရင် ကိုယ့်ကို ထားခဲ့ပြီး တခြားသူတွေနဲ့ အပြင်ထွက်လည်တာမျိုး လုပ်လေ့လုပ်ထနည်းပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ကို အရင်ဆုံးခေါ်ပြီး မအားမှ သူများကို ဦးစားပေးတတ်သူမျိုးပါ။

၆။ မနာလိုမဖြစ်ဘဲ ပွဲခံပေးကြတဲ့ သူငယ်ချင်းတွေ

ခင်ဗျားရဲ့အောင်မြင်မှုတွေအတွက် အမြဲ Cheers လုပ်နေတဲ့ လူတွေပေါ့၊ မင်းကျ ရတယ်၊ ငါကျ ဘာလို့ မရတာလဲလို့ မတွေးကြဘူး။ ခင်ဗျားပျော်ရင် သူတို့လည်း လိုက်ပျော်ကြမယ့် လူစားတွေက သူငယ်ချင်းကောင်းလို့ ခေါ်ထိုက်သူတွေပါ။

၇။ တစ်ခုခုဖြစ်ရင် ကူရှင်းပေးတယ်၊ တစ်ယောက်တည်းခံစားမနေစေဘူး

တစ်ခုခုခံစားရလို့ ဘယ်လောက်ပဲ ကိုယ်က ဖုံးကွယ်ထားထား သူတို့ကတော့ အမြဲသိနေတတ်ပါတယ်၊ ဒါကြောင့်ပဲ အတင်းအစ်အောက်မေးပြီး ပြောပြခိုင်းတာပေ့ါ။ စိတ်ညစ်နေရင်လည်း ဟိုဟာလုပ်မလား၊ ဒီဟာလုပ်မလား၊ ဘာသွားစားမလဲနဲ့ ပျော်အောင်၊အာရုံပြောင်းအောင် လုပ်ပေးမယ့်သူတွေပေါ့။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘာလုပ်ပေးရင်ပျော်သွားနိုင်မလဲဆိုတာ ကောင်းကောင်းသိသူတွေပေါ့။

၈။ ပေါက်ကရလုပ်မယ်ဆိုလည်း အမြဲပါမယ့် ရဲဘော်ရဲဘက်တွေ

ကိုယ်စိတ်ရူးပေါက်သလောက် ကိုယ့်သူငယ်ချင်းကောင်းတွေကလည်း လိုက်ရူးပေးပါလိမ့်မယ်။ တစ်ခုခုပေါက်ကရဖြစ်ဖြစ်၊ စွန့်စားခန်းဖြစ်ဖြစ် ဖွင့်တော့မယ်ဆိုရင်လည်း တစ်ယောက်တည်းမလုပ်ခိုင်းဘဲ သူတို့ပါ ဝင်ပါမယ့်သူတွေပါ။ လူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်ဘဲ ကိုယ့်သူငယ်ချင်း ပျော်ဖို့ကိုပဲ အာရုံရတဲ့သူတွေပါ။

image