22 w - Translate

မန်စီးတီးကစားသမားတွေ (၂)နှစ်ဆက် ဆွတ်ခူးခဲ့တဲ့ အင်္ဂလန်ဘောလုံးကလောင်ရှင်များ ချီးမြှင့်တဲ့ဆု

ယခုရာသီအတွက် အင်္ဂလန်ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့အစည်း(Football Writers' Association)က ချီးမြှင့်သည့် အကောင်းဆုံးကစားသမားဆုကို မန်စီးတီးအသင်း၏ အင်္ဂလန်တောင်ပံကစားသမားဖီးလ်ဖိုဒန်က ဆွတ်ခူးရရှိခဲ့သည်။ဖိုဒန်အနေဖြင့် ယင်းဆုအတွက် FWA အဖွဲ့ဝင် ဘောလုံးအားကစားကလောင်ရှင် (၄၀၀)ဝန်းကျင်၏ မဲပေးမှုတွင် မဲ(၄၂%)အထိ ရရှိခဲ့ကြောင်း သိရှိရသည်။ပြီးခဲ့သည့်ရာသီက ယင်းဆုအား မန်စီးတီးကစားသမားတစ်ဦးပင်ဖြစ်သည့် နော်ဝေတိုက်စစ်မှူး အဲလင်း ဟာလန်းက ဆွတ်ခူးရရှိခဲ့ရာ မန်စီးတီးကစားသမားများက (၂)နှစ်ဆက်ရယူနိုင်ခြင်းဖြစ်ပြီး (၂၀၀၆-၀၇) နှင့် (၂၀၀၇-၀၈) ရာသီများတွင် မန်ယူနိုက်တက်တောင်ပံကစားသမားရော်နယ်လ်ဒို (၂)နှစ်ဆက်ဆွတ်ခူးခဲ့ပြီးနောက်ပိုင်း အသင်းတစ်သင်းတည်းက ပထမဆုံးအနေဖြင့် (၂)ကြိမ်ဆက်ရယူဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ယခုနောက်ပိုင်းနှစ်များတွင် အောင်မြင်မှုကြီးမားလာသော မန်စီးတီးအသင်းမှ ကစားသမားများအနေဖြင့် ယင်းဆုကို နောက်ဆုံး(၆)ရာသီအတွင်း (၄)ကြိမ်မြောက်ဆွတ်ခူးနိုင်ခြင်းလည်းဖြစ်သည်။(၂၀၁၈-၁၉)ရာသီတွင် ရာဟင်း စတာလင်၊(၂၀၂၀-၂၁)ရာသီတွင် ရူဘင်ဒီယက်ဇ်၊(၂၀၂၂-၂၃)ရာသီတွင် အဲလင်း ဟာလန်း၊ယခု(၂၀၂၃-၂၄)ရာသီတွင် ဖိုဒန်တို့က ဆွတ်ခူးခဲ့ကြခြင်းဖြစ်သည်။ထို့အပြင် ယခုရာသီအတွက် အင်္ဂလန်ဘောလုံးအားကစားကလောင်ရှင်များအဖွဲ့အစည်းက ချီးမြှင့်သည့် အမျိုးသမီးအကောင်းဆုံးကစားသမားဆုကိုလည်း မန်စီးတီးအမျိုးသမီးအသင်း၏ ဂျမေကာတိုက်စစ်မှူး ခါဒီဂျာရှောက ဆွတ်ခူးရရှိခဲ့ရာ မန်စီးတီးအသင်းတစ်သင်းတည်းက တစ်ရာသီအတွင်း FWA ၏ အကောင်းဆုံးဆု(၂)ခုစလုံးကို ဆွတ်ခူးနိုင်ခဲ့ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

image