22 w - Translate

Twitch မှာလည်း TikTok မှာလို Short Video တွေလုပ်နိုင်ပြီ ….

Amazon ပိုင် Live-streaming Platform တစ်ခုဖြစ်တဲ့ Twitch App မှာဆိုရင် TikTok မှာလုပ်နိုင်တဲ့ Short Video Content တွေလို လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဧပြီ ၃၀ရက် အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ အမေရိကန်မှ TikTok ကို ဖျက်သိမ်းဖို့ ဥပဒေထွက်ရှိပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
Discovery Feed လို့အမည်ပေးထားတဲ့ ဒီ Feature ကိုတော့ Twitch မှာ ထည့်သွင်းခဲ့တာဖြစ်ပြီး TikTok မှာလို ကိုယ့်စိတ်ကြိုက် Short Video တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ မြင်အောင်ပြောရမယ်ဆိုရင်တော့ TikTok Short Video အပြင် Facebook, Instagram, YouTube တွေမှာလုပ်နိုင်တဲ့ Reel ပုံစံမျိုးပါပဲ။

ဒီ Feature မှာတော့ Tab ၂ ခုရှိပြီး တိုက်ရိုက်ကြည့်ရှုနိုင်တာက တစ်ခု၊ Stream လုပ်ပြီးသား Video တွေကို ပြန်ကြည့်နိုင်မှာက တစ်ခုဆိုပြီး ပါဝင်ပါတယ်။ TikTok နဲ့မတူတဲ့တစ်ချက်ကတော့ Streaming App ဖြစ်တဲ့အလျောက် ကြည့်ရှုသူတွေကို Streaming နဲ့ဆိုင်တဲ့ ဗီဒီယိုအကြောင်းအရာတွေကို ဦးစားပေးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီ Feature ကိုထည့်သွင်းဖို့ Twitch user တွေဟာ သူတို့ရဲ့ Fan အသစ်တွေတိုးပွားလာစေဖို့အတွက် Twitch ကို အချိန်အတော်ကြာတောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

Twitch အနေနဲ့ US မှာရှိတဲ့ TikTok အသုံးပြုသူ သန်း ၁၇၀ နီးပါးကို ဒီ Feature ကို နှစ်သက်အသုံးပြုလာတဲ့အထိတော့ အချိန်တစ်ခုစောင့်ရမှာပါ။ ဒီလို Feature ကူးယူတာမျိုးက TikTok ဘက်ကစခဲ့တာလို့လည်းပြောလို့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာတုန်းကတော့ TikTok ဘက်က Twitch ရဲ့ Livestreaming Feature ကို အရင်ကူးယူခဲ့တာပဲဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ Twitch ဆိုတာ ဘာလဲဆိုရင် Live Streaming Platform တစ်ခုပါ။ ကိုယ်ပိုင် Vlog ပုံစံ၊ ဗီဒီယိုဂိမ်း၊ ဘောလုံးပွဲနဲ့ Esports တွေကို Create လုပ်ပြီး ချပြနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ Music Broadcasts၊ Talk Show တွေကိုလည်း လုပ်နိုင်တာကြောင့် ဒီနိုင်ငံမှာတော့ Streamer အများစုလောက်သာ သုံးကြပေမဲ့ အနောက်နိုင်ငံတွေမှာဆိုရင် Content Creator တွေ၊ Reviewer တွေအပြင် idol တွေကအစ တော်တော်များများ သုံးကြတဲ့ App တစ်ခုပါ။

အနောက်နိုင်ငံတွေမှာ အသုံးများနေကြတဲ့ App တစ်ခုဖြစ်ပြီး နောက်ပိုင်းပိုစုံလင်လာတဲ့ Feature တွေကြောင့် Twitch ကို မသုံးကြည့်ဖူးသေးရင် တစ်ခေါက်လောက်တော့ စမ်းသုံးကြည့်စေချင်ပါတယ်။ သုံးဖူးတဲ့ ဒါမှမဟုတ် သုံးနေတဲ့ ဘော်ဒါတွေရှိရင်လည်း review လေး ပေးသွားကြပါဦးခင်ဗျာ။

image