22 w - Translate

အပူဒဏ်ကြောင့် ဗီယက်နမ်မှာ ငါးထောင်သောင်းချီသေဆုံး
~~~
အခုရက်ပိုင်း အရှေ့တောင်အာရှနိုင်ငံတွေမှာ အပူချိန်တော်တော်ပြင်းနေပြီး ဗီယက်နမ် နိုင်ငံတောင်ပိုင်း ဒေါင်းနိုင်ပြည်နယ်က ငါးမွေးကန်တစ်ကန်မှာတော့ ထောင်သောင်းချီ ငါးတွေသေဆုံးခဲ့ရပါတယ်။
ဒီလောက်အပူပြင်းချိန်မှာ ဒေသအာဏာပိုင်တွေ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အခုလိုငါးတွေ အစုလိုက်အပြုံလိုက်သေရတာလို့ သတင်းတွေကပြောပါတယ်။

အဲဒီငါးကန်ရှိတဲ့ဒေသမှာ သီတင်းပတ်တော်တော်ကြာကြာ မိုးမရွာတဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် ရေစုတ်ထုတ်ခွင့်ပေးခဲ့တာကြောင့် ငါးတွေ ရေမလောက်ဖြစ်ပြီး သေဆုံးရတာလို့လည်း ဆိုပါတယ်။

ငါးမွေးကန်ဘေးမှာ နေတဲ့ဒေသခံတွေကတော့ ငါးပုပ်စော်နံလို့ အပြစ်တင်နေကြပါတယ်။

အလားတူပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စံချိန်တင် အပူပြင်းဆုံးလ ဖြစ်တယ်လို့ မိုးလေဝသဌာနက မနေ့က ပြောပါတယ်။ ရာသီဥတုပြောင်းလဲတာဟာ အပူလှိုင်းတွေ အချိန်ပိုကြာ၊ မကြာခဏ ပိုအဖြစ်များပြီး ပိုပြင်းထန်မယ်လို့ သိပ္ပံရေးရာ သုတေသနပြုချက်အရ တွေ့ရှိရပါတယ်။

အပူချိန်ပြင်းလို့ ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့လက ကျောင်းတွေပိတ်လိုက်တဲ့အတွက် ကျောင်းသား ၃၂ သန်းလောက် အိမ်မှာပဲနေခဲ့ရတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း Nakhan Si Thammarat ခရိုင်မှာ ရာသီဥတုပူပြင်းလွန်းလို့ ရထားလမ်းတွေ ကောက်ကွေးသွားတဲ့အတွက် အလုပ်သမားတွေက ရေတွေရေခဲတွေနဲ့ တနာရီလောက် သံလမ်းဖြောင့်သွားအောင်လုပ်ရတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
___
ဗီယက်နမ်နိုင်ငံတောင်ပိုင်း Dong Nai ပြည်နယ်ရှိ ငါးမွေးကန်တစ်ခုတွင် သေဆုံးနေသည့် ငါများအား တွေ့ရစဉ်။

image