22 w - Translate

သုံးစွဲသူတွေ အသုံးဝင်တဲ့ စနစ်တွေကိုပဲ ထည့်ပေးလေ့ရှိတဲ့ Apple က iPad မှာ Official Calculator App ထည့်ပေးလာတော့မယ်လို့ သတင်းကြားနေရတယ်

iPad တွေထွက်တာ ဆယ်စုနှစ် တစ်ခုကျော်ရှိနေပေမဲ့ Calculator App ကတော့စထွက်ထဲက မပါခဲ့တာပါ
အကြောင်းကတော့ iPhone ကနေ Scaled-Up လုပ်ထားတဲ့ Calculator App Design ကို Steve Jobs က မကြိုက်တာကြောင့် ဖြုတ်ချခဲ့တာလို့ဆိုပါတယ်

လက်ရှိမှာတော့ ထည့်ပေးမယ်သတင်းကြားလာရတော့ ဘယ်လိုပုံစံထွက်လာမလဲဆိုတာကို စိတ်ဝင်စားမိပါရဲ့

စျေးကြီးပေးဝယ်ထားရတဲ့ iPad မှာ ဂဏန်းပေါင်းစက်သုံးလို့ရလာတော့မှာဆိုတော့ iPadOS 18 မှာ တကယ်ပါလာရင် အသုံးဝင်တဲ့ စနစ်တစ်ခုထပ်ပါလာတယ်ပဲပြောရတော့မှာပါ

image