22 w - Translate

⚜️ Queen Mary I of England ( Bloody Mary ) အကြောင်းဖော်ပြတဲ့အခါမှာ သတိထားမိတာတစ်ခုက လူတွေဟာ Mary I of England ( အင်္ဂလန်ဘုရင်မ မယ်ရီ ) နဲ့ Mary, Queen of Scots ( စကော့တလန်ဘုရင်မ မယ်ရီ ) ကိုလူခြင်းတူတယ်ထင်ကာ အမှတ်မှားနေကြတာကို သတိထားမိပါတယ်။ ကျနော်တို့အနေနဲ့ historical figures တွေကိုမှတ်ယူတဲ့အခါမှာ နာမည်ကိုပဲမှတ်တာထက်စာရင် နာမည်နောက်ကနေ သူတို့ရဲ့ ဘွဲ့နာမည်၊ရာထူး တွေကိုပါတွဲမှတ်သင့်ပါတယ်။ အထူးသဖြင့် ဘုရင်တွေ၊ ဘုရင်မတွေဆိုရင် သူတို့ရဲ့ Regnal name တွေက ဆင်တူနေပြီး ပထမ ဒုတိယ စသည်ဖြင့်သာ ကွဲသွားတတ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူမဟုတ်ပဲ သာမန်လူတွေအတွက်တော့ ရှုပ်ထွေးသွားတတ်ပါတယ်။ မနေ့ကကျနော်ပြောပြခဲ့တာကတော့ Queen Elizabeth I ရဲ့ ဖအေတူမအေကွဲအမတော် Queen Mary Tudor I of England ဖြစ်ပြီး ဒီနေ့တော့ သူနဲ့လူမှားနေတဲ့ Queen Mary Stuart of Scotland အကြောင်းပြောပြပေးပါမယ်။ Mary Queen of Scots နဲ့ Queen Elizabeth I နှစ်ယောက်လုံးက King Henry VII ရဲ့ မြေးတော်တွေပဲဖြစ်ကြတာမလို့ ဝမ်းကွဲဆွေမျိုးတော့ တော်စပ်ကြပါတယ်။ Mary ကိုတော့ King James V of Scotland နဲ့ Queen Mary of Guise ကနေ ဖွားမြင်ခဲ့တာပဲဖြစ်ပါတယ်။ Mary ဟာ အသက် ၆ ရက်သမီးမှာတင် သူမရဲ့ဖခင်ကွယ်လွန်ခဲ့တာကြောင့် Scotland ရဲ့ ဘုရင်မဖြစ်လာခဲ့ပါတယ်။ Mary ဟာ Protestant နိုင်ငံမှာ ကစ်သလစ်ဘာသာဝင် ဘုရင်မဖြစ်လာခဲ့တဲ့အပြင် သူမရဲ့မတည်မြဲတဲ့အိမ်ထောင်ရေးတွေကြောင့် သူမလက်ထက် Scotlandမှာ ဘာသာရေးပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေ များစွာပေါ်ပေါက်လာခဲ့ပါတယ်။ Mary ဟာ သုံးကြိမ်တိတိလက်ထပ်ခဲ့ပြီး သူမနောက်ဆုံးလက်ထပ်ခဲ့တဲ့ James Hepburn, Earl of Bothwell ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့သူဖြစ်တာမလို့ Mary ဟာပြည်သူတွေရဲ့ထောက်ခံမှုကိုမရခဲ့တဲ့အပြင် စကော့တလန်နန်းတွင်မှာပါ သူမရဲ့အာဏာဟာ တဖြည်းဖြည်းကျဆင်းလာခဲ့ရပါတယ်။ ဒါကြောင့် Mary ကို လွှတ်တော်နဲ့အစိုးရကနေ သူမရဲ့မွေးကင်းစကလေးငယ် James VI ( Mary & George ထဲက King James ) ထံသို့ ဖိအားပေးကာ နန်းစွန့်စေခဲ့ပါတယ်။ Mary ဟာ King Henery VIII ရဲ့ညီမဖြစ်သူ Queen Margret ရဲ့ မြေးတော်ဖြစ်တာမလို့ သူမကိုယ်သူမ Queen Elizabeth I လို ကတ်သလစ်ဘာသာဝင်လဲမဟုတ် သားသမီးလဲမရှိတဲ့သူ ထက်စာရင် သူမကသာ England ထီးနန်းရဲ့ တကယ့်စစ်မှန်တဲ့ ထီးနန်းဆက်ခံသူဖြစ်သင့်တယ်လို့ယူဆကာ English ထီးနန်းကို ရယူရန်ကြိုးပမ်းလာတာကြောင့် Elizabeth နဲ့ Mary တို့ကြားမှာ တင်းမာမှုတွေဖြစ်လာခဲ့ရပါတယ်။ ထိုတင်းမာမှုကိုအခွင့်ကောင်းယူကာ စပိန်ဘုရင် King Phillip II က England နိုင်ငံကို ကတ်သလစ်ဘာသာလက်အောက်ခံနိုင်ငံပြန်လည်ဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ Mary ကိုနောက်ကွယ်ကနေပံပိုးကာ Elizabeth ကိုလုပ်ကြံပြီး Mary နန်းတက်နိုင်ရေးအတွက် ငွေအားရော လူအားဖြင့်ပါ ကူညီခဲ့ပါတယ်။ Mary ဟာ Elizabeth ကို လုပ်ကြံခဲ့မှုများစွာမှာ နောက်ကွယ်ကနေ ပါဝင်ပတ်သတ်ခဲ့ပြီး 1586 ခုနှစ်မှာတော့ Queen Elizabeth I ကို လုပ်ကြံတဲ့ Babington လုပ်ကြံမှုမှာ Mary ရဲ့ပါဝင်ပတ်သတ်မှုသက်သေတွေဟာ England အစိုးရနဲ့ Elizabeth တို့အဖို့ Mary ကိုအသက်ရှင်လျက်ဆက်ထားဖို့မဖြစ်တော့တဲ့အထိ ဖြစ်သွားစေခဲ့တဲ့အတွက် မတတ်သာတော့ပဲ English ထီးနန်းတည်မြဲရေးအတွက် Mary ကို Scotland နဲ့ England တို့မှာ အကျဉ်းချဖမ်းစီးစစ်ဆေးခဲ့ပြီး February 8 ရက်နေ့ 1587 ခုနှစ်မှာ England နိုင်ငံရှိ Fotheringhay ရဲတိုက်မှာ ခေါင်းဖြတ်ကွပ်မျက်ခဲ့ရပါတယ်။ Mary ဟာ သူမကိုကွပ်မျက်တဲ့နေ့မှာ အပေါ်ကနေ ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ်နဲ့ အနက်ရောင်ဝတ်ရုံကိုခြုံလာခဲ့ပြီး သူမကိုယ်သူမ ကတ်သလစ်ဘာသာဝင်တွေရဲ့အာဇာနည်အဖြစ်အသိအမှတ်ပြုတဲ့အနေနဲ့ အောက်ကနေ အနီရောင်ဂါဝန်ကို ဝတ်လာခဲ့တယ်လို့ဆိုထားကြပါတယ်။ ထိုအကြောင်းအရာနဲ့ပတ်သတ်ပြီး တိကျတဲ့အထောက်အထားမရှိသော်ငြားလဲ Mary အနီရောင်ဝတ်တဲ့အကြောင်းဟာ ကတ်သလစ်ဘာသာနဲ့ပတ်သတ်ပြီး သူမရဲ့ယုံကြည်မှုနက်ရှိုင်းတာဖြစ်ကြောင်း စာပေတွေအတော်များများမှာ ချီးကျူးခြင်းကို ခံထားရပါတယ်။

image