ဆော်ဒီနိုင်ငံမှာ ဖောက်လုပ်ထားတဲ့ အမှတ် ၁၀
အမြန်လမ်းမကြီးဟာ ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့် ဖြစ်ပါတယ်။ သဲကန္တာရအလယ်မှာ ဖောက်လုပ်ထားတဲ့ အမှတ် ၁၀ အမြန်လမ်းမကြီးဟာ ၁၁၁၆ ကီလိုမီတာ ရှိပြီး ဖြောင့်ဖြောင့်တန်းတန် ဖြစ်နေတဲ့ လမ်းပိုင်းကတော့ ကီလိုမီတာ ၂၅၀ ကျော် ရှည်လျားပါတယ်။
လူသူကင်းမဲ့ပြီး လွင်တီးခေါင်ပြင်ထဲမှာ ဖြောင့်ဖြောင့်ကြီး ကားမောင်းရမယ်ဆိုတာ တကယ့်ကို ငြီးငွေ့စရာကောင်းမှာ သေချာပါတယ်။ တကယ်လို့ သင်သာ အဲဒီလမ်းမှာ ကားမောင်းသွားရမယ်ဆိုရင် အိပ်ငိုက်မသွားအောင် ဘလိုမောင်းကြမလဲ။
Ref: WORLD'S LONGEST STRAIGHT ROAD
Team
Credit (ရိုးရာလေး)
