ပိုရောင်းကောင်းချင်ရင် သက်သေပြပါ ✅
ကျွဲကောသီးရောင်းတဲ့သူ 2 ယောက်ရှိတယ်ဆိုပါစို့
ပထမစျေးသည်က ခွဲပြပြီး တစ်စိတ်ကျွေးတယ်..
ကြိုက်မှ အခွံခွာပြီး ပလတ်စတစ်ကပ်ပေးတယ်..
ဒုတိယစျေးသည်က အသီးကို အကိုင်မခံဘူး..
အသီးနာမှာစိုးလို့ပါပေါ့...
ကြိုက်ရင်ဝယ် မကြိုက်ရင်မဝယ်နဲ့ပုံစံမျိုးပေါ့
ကိုယ်သာ ကျွဲကောသီးချိုချိုလေး တကယ်စားချင်တဲ့သူဆိုရင် ဘယ်သူ့ဆီမှာဝယ်ဖြစ်မလဲ?
=====
ကိုယ်တိုင်စားဖို့၊ မိသားစုစားဖို့ ဆိုတဲ့သူတွေကတော့ ပထမတစ်ယောက်ဆီကနေပဲ ဝယ်ကြမှာပါ...
ဘာလို့လဲဆိုရင် စျေးသည်က သူ့ရဲ့ကျွဲကောသီးရဲ့ ချိုမြိန်မှုကို သက်သေပြပြီးမှ ရောင်းတာမလို့ပါပဲ ✅
စျေးရောင်းတဲ့အခါ ပစ္စည်းကောင်းကြောင်း သက်သေပြနိုင်ရင် Customer တွေက ပိုပြီးယုံကြည်ကြပါတယ် 🌟
=====
ဥပမာ ကိုယ်က Diaper ရောင်းတာဆို Video ထဲမှာ Diaper ကို ကိုင်ပြီး ရေစုပ်မှုအားကိုပြတာမျိုး...
အထည်က ဘယ်လောက်အထိလှကြောင်းပြချင်ရင် ကိုယ်တိုင်/မော်ဒယ်ဝတ်ပြပြီး ရှုခင်းလှတဲ့နေရာမျိုးမှာ ဓာတ်ပုံရိုက်ပြတာမျိုး
ကိုယ်ရောင်းတဲ့ စတီးအိုးက ဘယ်လောက်ခိုင်လဲပြချင်ရင် 3ထပ်တိုက်ပေါ်ကနေ ပစ်ချပြတာမျိုး
အစရှိသဖြင့် သက်သေပြလို့ရပါတယ် 🤗✨
=====
ပစ္စည်းမဟုတ်ပဲ ဝန်ဆောင်မှုရောင်းတာဆိုရင် ဒီလိုပေါ့ 👇🏻
ဥပမာ အိမ်သုတ်လုပ်ငန်းဆိုရင်
ဆေးမသုတ်််ခင်နဲ့ ဆေးသုတ်ပြီး ပြောင်းလဲမှုတွေကိုပြတာမျိုး၊
ဂျပန်စာသင်တန်းတွေဆိုလဲ သင်တန်းသားတွေရဲ့ စကားပြောကျွမ်းကျင်မှုတွေကို Video နဲ့ပြတာမျိုး၊
Boost Service မှာဆိုရင်တောင် Result ကောင်းတာလေးတွေ Screenshot ရွေးပြပြီး Service အပ်လို့ရပါတယ်ပြောရင် ပိုပြီးအပ်ချင်ကြသေးတာပဲမလား 😏
=====
ဒါကို Evidence Based Marketing လို့လဲခေါ်ပါတယ်
ကိုယ်ဘာပဲရောင်းရောင်း သက်သေပြပြီးမှရောင်းပါ
လူတွေက သက်သေပြရင် ပိုယုံတတ်ကြတာမလို့ပါ ✅
=====
ဒီနေ့ကစပြီး Page မှာ သက်သေပြဖို့ကြိုးစားကြည့်ပါ
ရောင်းအားသေချာပေါက်တိုးတက်လာပါလိမ့်မယ် 💖