22 w - Translate

ဂရင်းဝုဒ်ကို မန်ယူ ပြန်ခေါ်သင့်လားဆိုတဲ့ မေးခွန်းကို မဖြေခင် သန်း ၁၀၀ ပေးရပြီး ၁ ဂိုးမှလည်း မသွင်းနိုင်ဘဲ ဆောင့်ကြွားကြွားဖြစ်နေတဲ့ အန်တိုနီကို မြင်ရတာ အကုသိုလ် ဘယ်လောက်များလဲလို့ ပြန်မေးရမယ်ထင်ပါရဲ့။

မန်ယူအကယ်ဒမီထွက် ကစားသမားတွေထဲမှာ ဂရင်းဝုဒ်က Talent အရှိဆုံး ကစားသမားတစ်ယောက်၊ ၁၉ နှစ်သားအရွယ်ကတည်းက သူ့ပခုံးပေါ် ကျလာတဲ့ တာဝန်တစ်ရပ်ကို ကျေပွန်အောင် ထမ်းဆောင်ချင်သူ။ အားလုံးက သူ့ကို မျှော်လင့်ထားကြတဲ့အချိန်၊ သူ့အနာဂတ်ကို မှေးမှိန်သွားစေတဲ့ အဖြစ်ဆိုးတစ်ခု ပေါ်လာခဲ့တယ်။

အတူနေချစ်သူကို အဓမ္မပြုကျင့်မှုတဲ့၊ အမှုဖြစ်ပြီး အချုပ်ကျ၊ နန်းဆန်အောင် ယဉ်ကျေးပါတယ်ဆိုတဲ့ ဘိလပ်တွေကလည်း ဒါမျိုးကို လက်ခံပေးလို့ မရ၊ ဂွတွေ ကျနေတဲ့အချိန် သူ့အနာဂတ် ကောင်းဖို့အတွက် ဂီတာဖေးကို အငှားထွက်ကစားဖို့ ဖြစ်လာတယ်။ တစ်ခု မေးစရာရှိတာက အခုလက်ရှိ ဂရင်းဝုဒ်က ဘယ်သူနဲ့ ပေါင်းသင်းနေတာလဲ။ အမှုဖြစ်ခဲ့တဲ့ အတူနေချစ်သူနဲ့ပဲ မဟုတ်လား။ ကလေးလည်း တစ်ယောက်ရပြီ မဟုတ်လား။

ဂီတာဖေးမှာ ၈ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးထားတဲ့ ဂရင်းဝုဒ်ခြေစွမ်းက တခြားအသင်းတွေ မျက်စိကျချင်စရာပဲ။ မန်ယူအတွက်လည်း လိုအပ်နေတဲ့ ကစားသမားမျိုး။ ဒါပေမဲ့ အသင်းပုံရိပ်နဲ့ စီးပွားရေး ထိခိုက်မှာစိုးရိမ်လို့ မန်ယူကလည်း ပြန်မခေါ်ရဲဘူး။ အပြီးသတ် ထုတ်ရောင်းပြီး ငွေဖော်ဖို့ပဲ ကြိုးစားမယ်လို့ သတင်းထွက်နေတယ်။ တကယ်နှမျောစရာကောင်းတယ်။ ဒီရာသီ ဂီတာဖေးမှာ ဂရင်းဝုဒ် ဘယ်လို ကစားနေသလဲဆိုတာ 1st Comment မှ ဗီဒီယိုထဲမှာ ကြည့်နိုင်ပါတယ်။
Credit to ဘောလုံးသတင်း

image