22 w - Translate

မမြဲချင်တော့တဲ့ အခါ
အပြစ်တွေရှာမယ်
မပြည့်စုံတဲ့ အပိုင်းကိုပဲ
ထောက်ပြမယ်
အဆိုးမြင် ဝါဒီနဲ့ကြည့်မယ်
ပြီးတော့
စိတ်ဓာတ်ကျအောင်
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းအောင်
သိမ်ငယ်စိတ်ဝင်အောင်
ဆက်ဆံပြောဆိုမယ်

နောက်ဆုံးမှာ
သူက ဖောက်ပြန်တာတောင်
ကိုယ်က လိုအပ်ချက်ရှိလို့ဆိုတဲ့ ပုံစံမျိုးဖြစ်အောင်
စိတ်ဒဏ်-ရာ ပေးပြီး စွန့်ပစ်ခဲ့တတ်ကြတယ် ။

အဲဒီတော့ တစ်ဖက်က
ချစ်လည်း ချစ်ခဲ့ရတယ်
အသဲလည်းကွဲတယ်
စိတ်ဒဏ်ရာတွေရပြီး
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ
ပျောက်ဆုံးသွားကြတယ် ။

ငါက အချစ်ခံဖို့ မထိုက်တန်ဘူး
ဆိုတဲ့အတွေးတွေရယ် ..
သူပြောသလိုပဲ ငါက တန်ဖိုးထားမခံရတော့ဘူးလား ဆိုတဲ့ အားငယ်စိတ်တွေရယ် ..
အချစ်တွေပေးပြီး စိတ်ဒဏ်ရာတွေ
အထပ်ထပ်နဲ့ အချိန်အတော်ကြာကြာ
တစ်ယောက်ထဲ လမ်းပျောက်နေတတ်ကြတယ် ။

သူ့ကို စောင့်နေတာလည်းမဟုတ်ဘူး
မမေ့နိုင်တာလည်း မဟုတ်ဘူး
ဒါပေမယ့် သူပြောခဲ့တဲ့ စကားတွေက
ကိုယ့်ရင်ထဲမှာ သံမှိုစွဲသလို
နစ်ဝင်ပြီး ကျန်ခဲ့တတ်ကြတယ် ။

အဲဒီလို ခံစားနေရတဲ့သူတွေအတွက်
ကျွန်မ စကားလက်ဆောင်လေး ပေးချင်ပါတယ် ..

ဘဝကို တစ်ယောက်ထဲ
ရင်ဆိုင်ရဲတာကလည်း
ကိုယ့် တန်ဖိုးပဲ
ကိုယ့်ကြောင့် ဘယ်သူ့ ဘယ်သူ့မှ
မျက်ရည် မကျတာကလည်း ကိုယ့်တန်ဖိုးပဲ

ကိုယ့်လုပ်ရပ်ကြောင့် ထိခိုက်နစ်နာသွားတဲ့သူတွေ
မရှိတာကလည်း ကိုယ့်တန်ဖိုးပဲ ..
ကိုယ့်နှုတ်ထွက်စကားကြောင့်
ဘယ်သူမှ စိတ်မထိခိုက်တာကလည်း
ကိုယ့်တန်ဖိုးပဲ ။

ဘဝက ရှည်တော့
မကောင်းတဲ့သူတွေနဲ့လည်းတွေ့နိုင်တယ်
လူမှားပြီး ရွေးချယ်မိတာလည်း ရှိနိုင်တယ်
ဘယ်လို အနေအထားမျိုးကိုပဲ
ရင်ဆိုင်ရ ရင်ဆိုင်ရ .. အဓိက မှာချင်တာက
ကိုယ့်တန်ဖိုးကို ကိုယ်မမေ့ဖို့ ..
ကိုယ့်ကိုယ်ကိုယ် မမေ့ဖို့ပါပဲ ..

မလိုအပ်တာတွေ ဘဝထဲ
ထည့်မထားခြင်းအားဖြင့်
မကောင်းတဲ့အရာတွေကို
စိတ်ထဲ သိမ်းဆည်းမထားခြင်းဖြင့်
နာကျင်နေရတဲ့ ကာလကနေ
ရုန်းထွက်ခဲ့ပါ ။

ကိုယ့်တန်ဖိုးကို ကိုယ်ကပဲ သတ်မှတ်ပါ ..
အရာအားလုံး ကျော်ဖြတ်နိုင်သွားလိမ့်မယ်။

image