22 w - Translate

▪️လူဟာ တစ်‌ယောက်တည်း ရှင်သန်လို့မရတဲ့ Social Animal တွေ ဖြစ်ပါတယ်။ အသိုင်းအဝန်းနဲ့ နေကြရတယ်။ လူများစွာနဲ့ ထိတွေ့‌ဆက်ဆံရတယ်။ အဲဒီအခါ လူတွေဆီကနေ ချီးမွမ်းစကား၊ ကဲ့ရဲ့စကားတွေကိုလည်း ရှောင်လွဲလို့ မရအောင် ကြားသိရမှာ၊ ကြုံတွေ့လာရမှာပါပဲ ။

အဲဒီအခါ ပတ်ဝန်းကျင်က တမင်ရည်ရွယ်ပြီး ပြောလိုက်တာပဲဖြစ်စေ၊ မရည်ရွယ်ပဲ ပြောမိတာဖြစ်စေ.. တချို့စကားတွေဟာ ကိုယ့်စိတ်ကို ထိခိုက်သွားစေနိုင်ပါတယ်။

► ဥပမာ.. ကိုယ်က ဝိတ်တက်လာတယ်။ အပြင်သွားမိလို့ အပေါင်းအသင်းတွေနဲ့ ဆုံကြတဲ့အခါ "ဟယ် နင် ဝလာလိုက်တာ၊ ဝိတ်ထိန်းဦးလေ.." အစရှိသဖြင့် ပြောလိုက်ကြမယ်ဆို ကိုယ့်ကိုယ်ကိုယ် "ငါအရမ်းကြည့်ရဆိုးနေပြီလား"ဆိုပြီး သိမ်ငယ်သွားတတ်တာမျိုး။

► ကိုယ်ကြိုက်တဲ့ဝတ်စုံလေး ဝတ်ထားတယ်။ သူများက.. " ဒါကြီးက နင်နဲ့ မလိုက်ဘူး၊ ကြည့်ရတာ ဘယ်လိုကြီးမှန်းလဲမသိဘူး.. တခြားဝတ်စုံ ပြန်လဲလိုက်ပါလားလို့ ဝေဖန်လိုက်တဲ့အခါ.. စောစောက ပျော်နေတဲ့ အပျော်လေးက ပျောက်သွားပါလေရော။ "ဪ ငါနဲ့ တကယ်မလှဘူးလား" ဆိုပြီး Confidence တွေ လျော့ကျသွားတတ်တာ။

📌 သူများ ဝေဖန်သုံးသပ်တာတွေက မှန်ကောင်း မှန်နိုင်ပေမယ့်လည်း.. ကြာလာတဲ့အခါ ကိုယ့်ရဲ့Self Confidence ကို ထိခိုက်လာစေနိုင်ပါတယ်။ အဲဒီလို ဝေဖန်ခံရပါများတဲ့အခါ ..

• ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု Confidence တွေ
လျော့နည်းလာမယ် .. ။
• သူများတွေရဲ့အထင်အမြင်ကို ကြောက်လာမိတယ် ။
• ဘယ်သူနဲ့မှ မတွေ့ချင်၊ ဘယ်ကိုမှ မသွားချင်တော့ပဲ
အိမ်ထဲမှာပဲ အောင်းနေ‌ချင်တော့တယ်။

▪️တစ်ယောက်တည်းနေရင်း လူတွေကို
ရှောင်လာတာနဲ့အမျှ ...

• စိတ်ဖိစီးမှုတွေ များလာမယ်။
• စိတ်ဓာတ်ကျလာမယ်။
• ငါတစ်ယောက်တည်းပါလားဆိုတဲ့ အထီးကျန်ဆန်တဲ့ ခံစားမှုမျိုးကို ခံစားလာရနိုင်ပါတယ်။

📌 အဲဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဘယ်လိုပြန်လည် တည်ဆောက်ရမလဲဆိုရင် ...

▪️"သူများအထင်အမြင်တွေကို ဂရုမစိုက်ပါနဲ့ "

သူက ငါ့ကို ဒီလို ပြောလိုက်တာ..၊ ငါ့ကို ဒီလို ဝေဖန်တာ..ဆိုပြီး တနုံ့နုံ့ မပြီးနိုင်မစီးနိုင် တွေးတောနေရင်.. ဒေါသပွားရတာပဲ အဖတ်တင်ပါတယ်။ Negative တွေကို ပုံကြီးမချဲ့စေချင်ပါဘူး။ ပြောတဲ့သူတွေကတောင် မေ့သွားလောက်ပြီ။ ကိုယ်က မမေ့နိုင်သေးပဲ ခံစားနေရရင် ကိုယ်ပဲ နှစ်ခါပြန် စိတ်တိုရပါတယ်။ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေလည်း ကုန်စေတယ်။

ကိုယ့်စိတ်ကို ညစ်ညူးစေတဲ့ အတွေးတွေကို ဆက်မတွေးဖြစ်အောင် အာရုံပြောင်းပစ်ပါ။ ကိုယ့်အတွက် အကျိုးရှိတဲ့အရာတွေကိုပဲ အာရုံစိုက်ပြီး လုပ်ဆောင်နေတာက အမှန်ကန်ဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်။ အရေးမပါတဲ့ကိစ္စတွေကို အရာမပေးပါနဲ့။

▪️"ကိုယ့်ရဲ့ဖြစ်တည်မှုကို တန်ဖိုးထားပါ"

လူသားအားလုံးဟာ အသားဖြူဖြူ/ညိုညို၊ ပိန်ပိန်/ဝဝ ..
ကိုယ့်ဖြစ်တည်မှုနဲ့ ကိုယ်ပါပဲ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို မြတ်နိုးတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုကို အပြည့်အဝတန်ဖိုးထားတဲ့အခါ.. ဘယ်သူမှ ကိုယ့်ကို လာ‌ဝေဖန်ကဲ့ရဲ့နိုင်စွမ်း မရှိတော့ပါဘူး။

►"နင်အသားမည်းလိုက်တာ.." လို့ ပြောလာရင်
ဟုတ်တယ်.. မည်းတယ် ဘာဖြစ်လို့လဲ .. ?
ငါ့ရဲ့အသားအရေကို ငါကြိုက်တယ်။

►"နင် အရပ်ပုလိုက်တာ" ဆိုရင်လည်း
ဟုတ်တယ် ပုတယ် ဘာဖြစ်သလဲ.. ?
ငါရဲ့အရပ်ပုတာလေးက ချစ်စရာကောင်းနေတယ်.. ။
အဲဒီလိုသာ ပြန်မေးခွန်းထုတ်ပြီး ပြောလိုက်ပါ။

▪️"ကိုယ့်ပုံစံနဲ့ကိုယ် နေပါ"

ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်
ကိုယ့်ကိုယ်ကိုယ် ကြိုက်ဖို့ အရေးကြီးပါတယ်။

သူများအကြိုက်အတိုင်း လိုက်နေဖို့ ကိုယ့်မှာ တာဝန်မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးဖိအားမပေးပါနဲ့။
သူများက ကောင်းတယ်ဆိုတိုင်း ကိုယ်တကယ်မကြိုက်ပဲ လိုက်လုပ်ဖို့ မလိုပါဘူး။ သူများရဲ့ပါးစပ်ဖျားမှာပဲ လမ်းဆုံးမခံပါနဲ့။ ကိုယ့်အကြိုက်နဲ့ကိုယ်..၊ ကိုယ့်ပုံစံနဲ့ကိုယ် နေပါ။

▪️" ဘယ်သူမှ Perfect မဖြစ်ပါဘူး "

သေချာစဉ်းစားကြည့်ပါ.. ။ ကိုယ့်ကို ပြောဆိုဝေဖန်တဲ့သူတွေကရော.. ဘယ်လောက်ပြီးပြည့်စုံနေလို့လဲ၊ ဘယ်‌လောက်ခြောက်ပြစ်ကင်းသဲလဲစင် Perfect ဖြစ်နေတာမို့လို့လဲ။ သူတို့မှာလည်း အားနည်းချက်ကိုယ်စီနဲ့ပါပဲ..။ လူတိုင်းဟာ ဘယ်သူမှ 100% ရာနှုန်းပြည့် အကောင်းဆုံးဖြစ်မနေဘူးလို့ တွေးကြည့်လိုက်ရင်.. တော်တော်လေးကို စိတ်သက်သာရာ ရသွားပါလိမ့်မယ်။

image