အချုပ်အားဖြင့် နေ စက်ဝန်းများ တက်ကြွလာသည်က အနာဂတ်အတွက် အန္တရာယ်များနှင့်အတူ လူသားများအတွက် အကျိုးရှိနိုင်သော အကျိုးသက်ရောက်မှုများကိုပါ ပေးစွမ်းနိုင်ပါသည်။ “နေ လှုပ်ရှားမှု ပိုများလာသည်နှင့်အမျှ၊ ကျွန်ုပ်တို့၏ လေထုထဲသို့ ပိုမိုပူလာပြီး စွမ်းအင်မြင့်မားလာမည်” ဟု Adams ကဆိုသည်။ “လေထုမှာ အပူနှင့် စွမ်းအင်များ ပိုများလာသောအခါ၊ ၎င်းသည် တဖြည်းဖြည်းကျယ်ပြန့်လာမည်။ ထိုလေထုကျယ်လာခြင်းကြောင့် ပရိုတွန်များသည် ထဲသို့ဝင်ရောက်လာပြီး နောက်ဆုံးမှာ ပြန်ထွက်ခွာသွားကြမည်” ဟုလည်း ရှင်းပြသည်။
မကြာသေးမီကရောက်ရှိခဲ့တဲ့ နေစက်ဝန်း အမြင့်ဆုံးအခြေအနေ တစ်ခုသည် ထိုသို့သောလေထုချဲ့ထွင်မှုကို ဖြစ်စေသည်ဟု Adams ကဖော်ပြခဲ့တယ်။ ထို့နောက် အမျိုးသား သမုဒ္ဒရာနှင့် လေထု စီမံခန့်ခွဲရေးအဖွဲ့ (NOAA) ၏ ဂြိုလ်တု ၁၅ နှင့် ၁၈ တို့မှ ပရိုတွန်အရေအတွက် (သိပ်သည်းဆ) တွင် လျော့ကျမှုကို တွေ့ရှိခဲ့သည်။
သတင်းကောင်းကတော့
နေရောင်ခြည်စက်ဝန်း ၂၅ သည် မကြာမီတွင်အားနည်းလာတော့မည်ဖြစ်သဖြင့်၊ နေအဝင်ပတ်ဝန်းကျင်ရှိ စွမ်းအင်မြင့်ပရိုတွန်များသည် မကြာမီ ပြန်လည်သိပ်သည်းလာမည်ဖြစ်သည်။ သို့သော်လည်း ၁၀၀ နှစ်တစ်ကြိမ်ဖြစ်သော Gleissberg စက်ဝန်းကြောင့် နေသည် ယခင် ဆယ်စုနှစ်လေးခုထက် ပိုမိုတက်ကြွလာမည်ဟု ရေရှည်ခန့်မှန်းချက်များက ဖော်ပြသည်။ ရေရှည်မှာ ကမ္ဘာ၏အထက်လေထုသည် ပိုမိုပူလာနိုင်ပြီး၊ ထိုအပူပေါ်တွင် စွမ်းအင်မြင့်ပရိုတွန်များ ပိုမိုများပြားလာနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ အီလက်ထရွန်နစ် ကိရိယာများကို တိုက်စားပြီး ချွတ်ယွင်းမှုများ ဖြစ်စေသည့် အားနည်းသော ဓာတ်ရောင်ခြည်များ ကျရောက်နိုင်သောကြောင့် ယခုကဲ့သလို့ ပရိုတွန်အားနည်းခြင်းဟာ အာကာသတွင် လှည့်ပတ်နေသော ဂြိုဟ်တုများအတွက် သတင်းကောင်း ဖြစ်ပါသည်။ထို့အပြင် နိုင်ငံတကာအာကာသစခန်းရှိ အာကာသယာဉ်မှူးများအတွက်လည်း ဓာတ်ရောင်ခြည်လျော့နည်းလာခြင်းသည် ကင်ဆာဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချပေးနိုင်သဖြင့် အာကာသခရီးသွားမှုအတွက် ကျန်းမာရေးလုံခြုံမှု ပိုမိုရှိလာမည်ဖြစ်သည်။
ချွတ်ယွင်းချက်တစ်ချက်ကတော့ နေ မုန်တိုင်းများသည် ပို၍အဖြစ်များလာပြီး ပိုမိုဆိုးရွားလာဖွယ်ရှိသည်။ ထိုသို့သော နေရောင်ခြည်မုန်တိုင်းများသည် ဂြိုဟ်တုပတ်လမ်းကြောင်းများကို ပုံစံအမျိုးမျိုးဖြင့် ပျက်စီးစေနိုင်သည်။ CME သည် ကမ္ဘာတစ်ဝှမ်းရှိ ဓာတ်ငွေ့များ ထူထပ်လာ သောအခါတွင် လေထု၏ အပူလျှင်မြန်စွာမြင့်တက်လာခြင်းကြောင့် ကမ္ဘာမြေနိမ့်ပိုင်းရှိ ဂြိုလ်တုများကို အလိုလိုအနိမ့်သို့ ဆွဲသွားစေပြီး၊ ရလဒ်အနေဖြင့် ပတ်လမ်းအမြင့်ဆုံးရှုံးခြင်း၊ မျက်နှာပြင်သို့ပြန်ကျခြင်း သို့မဟုတ် တုန့်ပြန်ကြိုးပမ်းမှုမအောင်မြင်လျှင် မစ်ရှင်အဆုံးသတ်ရခြင်းကဲ့သို့သော အန္တရာယ်များဖြစ်နိုင်သည်။
ဥပမာအားဖြင့် လွန်ခဲ့သည့်နှစ် မေလတွင် ထိုကဲ့သို့ အားပြင်းသော နေရောင်ခြည် မုန်တိုင်းတစ်ခုသည် ကမ္ဘာကိုတိုက်ခတ်ခဲ့ပြီး၊ ထိုသို့သောထိခိုက်မှုကြောင့် ဂြိုလ်တုအများအပြား ပတ်လမ်းနေရာ ရွှေ့ပြောင်းရခြင်း၊ အော်ပရေတာများက တတ်နိုင်သမျှမြင့်မားသည့် ပတ်လမ်းသို့ ပြန်လှန်တွန်းပေးရခြင်းများ ဖြစ်ခဲ့သည်။ ထိုအချိန်အတွင်း ဂြိုလ်တုများကို ဂရုတစိုက်တွက်ချက်ရန် အချိန်မရှိသောကြောင့် ဂြိုဟ်တုအချင်းချင်းပတ်လမ်းထဲမှာ တိုက်မိမှု ဖြစ်ပေါ်နိုင်ခြေ ထူးထူးခြားခြား မြင့်မားခဲ့သည်ဟု သုတေသီများက ပြောကြသည်။
Adams ကလည်း ဤအကြောင်းအရာအပေါ်တွင် သတိပေးသဘောထားဖြင့်—
“ကျွန်တော်တို့အနေနဲ့ နေစက်ဝန်း လှုပ်ရှားမှု ပိုမိုဖြစ်ပွားမှာကို စိုးရိမ်တာက သေချာပါတယ် ။ ပြီးခဲ့တဲ့ နှစ် ၄၀ က Gleissberg စက်ဝန်းအားအမြင့်ဆုံးဖြစ်နေချိန်ကနေစပြီး ယနေ့ခေတ်အချိန်အတွင်းမှာ တိုးတက်လာတဲ့ နည်းပညာတွေအရ ဂြိုလ်တုတွေနဲ့ ဓာတ်အားလိုင်းတွေ ကို ကျွန်တော်တို့ တည်ဆောက်ခဲ့ကြပြီးဖြစ်သည်။” ဟု ဆိုသည်။ ဒီအတွက်ကြောင့် ယခု နှစ် ၄၀ အကြာ နောက်ထပ် Gleissberg စက်ဝန်းအား အမြင့်ဆုံး ရောက်လာတဲ့ ကာလမှာ ထို အီလက်ထရောနစ် ပစ္စည်းတွေ စနစ်တွေ အတွက် အန္တရာယ် များလာနိုင်ခြေရှိနေပါတယ်။ ထိုသို့ဖြစ်ပေမယ့်လည်း “အားလုံးက မဆိုးပါဘူး။ တကယ်တော့ အာကာသရာသီဥတု ငြိမ်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်ဟာ ပိုလုံခြုံတယ်” ဟု ထပ်မံပြောကြားခဲ့သည်။
#end

