22 w - Translate

ခွေးနမိတ်။

ခွေးတွေဟာ လူတွေထက် သစ္စာရှိတယ်လို့ လူအများက ယုံကြည်ကြပါတယ်။
ခွေးတွေနဲ့ ပတ်သက်လို့ မတူညီသောအယူသီးမှုများနှင့် ဒဏ္ဍာရီများစွာရှိပါတယ်။
ယုံတာ မယုံတာ အပထား လေ့လာကြည့်ရင်တော့ စိတ်ဝင်စားစရာကောင်းပါတယ်။
* ခွေးကို မိတ်ဆွေကောင်းလို့ သတ်မှတ်မွေးမြူကြပါတယ်။
ဒါပေမဲ့ တကိုယ်လုံး အနက်ရောင် ရှိပြီး မဲမှောင်နေရင်တော့ မကောင်းဆိုးဝါးလို့သာ သတ်မှတ်ကြပါတယ်။
သင်္ဘောသား များဟာ ကြောင်နက်ကို သင်္ဘောပေါ် ခေါ်တင်သွားရင် ကံကောင်းစေတယ်လို့ ဆိုကြပေမဲ့ ခွေးအနက်ကိုတော့ မတင်ကြပါ။ ခွေးဆိုရင် ကို မတင်တာပါ။

တခါတရံတွင် ခွေးနက်များကို သရဲတစ္ဆေများအဖြစ် ပုံဖော်ကြပါတယ်။ အထူးသဖြင့် အိပ်မက်ထဲက ခွေးနက် ကတော့ မကောင်းသောပညာ ရပ်များကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။

မရဏမင်း၏အစောင့်များအဖြစ် သို့မဟုတ် ခွေးနက်များက မာရ်နတ်ကိုယ်တိုင်ပင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်းဆိုကြပါတယ်။

* သင့်ခွေးမှာ ဆဋ္ဌမအာရုံပိုရှိတယ်ဆိုတာ သင်ယုံကြည်ပါသလား?
သင့်ခွေးကို လေ့လာကြည့်ပါ။ သူပျော်နေသလား ၀မ်းနည်း နေပုံရသလား?
ခွေးက သူ့သခင်ရဲ့ ကံအနိမ့်အမြင့်ကို ကြိုမြင်ကြပါတယ်။
သခင် ကံကောင်းမယ်ဆိုရင် ပျော်နေပြီး သခင်ကံနိမ့်တော့မယ် ဆိုရင် ၀မ်းနည်းနေတတ်ပါတယ်။
သခင်ကိုလည်း မကောင်းတဲ့ နေရာမှာ မနေဖို့ အတင်းဆွဲခေါ်ပါတယ်။ ဉပမာ ကားတိုက်မှု ဖြစ်တော့မယ်ဆိုရင် ခွေးက ကားပေါ်ကို အတက်ကို မခံဘဲ သခင်ကို အတင်းဆွဲချတာ ကြုံဖူးပါတယ်။ အလားတူ ဖြစ်ရပ်မှန် များစွာ ရှိပါတယ်။

ခွေးတွေက သရဲတစ္ဆေများကိုမြင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။
အကြောင်းမရှိဘဲ တနေရာကို ထိုးဟောင်နေရင် သို့မဟုတ် စူးစိုက်ကြည့်ပြီး အမှီးကုပ်နေရင် အဲဒီ နေရာမှာ ဝိညဉ်ရှိနေတာလို့ ဆိုပါတယ်။

* ခွေးများက လူတစ်ဦး၏ စရိုက်လက္ခဏာကို ကောင်းစွာ အကဲဖြတ်နိုင် သိနိုင်ကြပါတယ်။
လူဆိုး၊လူကောင်း ခွဲခြား နိုင်ယုံမက အချို့လူများရဲ့ ဟန်ဆောင်အပြုံးမျက်နှာကို မြင်နေရပေမဲ့ မယုံကြည်ထိုက်သူများဆိုရင်တော့ သင့်ရဲ့ခွေးက အဲဒီလူကို ထိုးဟောင်နေပါလိမ့်မယ်။ သင့်ဖက်က ဖြောင်းဖြ သော်လည်း မရပ်ဘဲ ဆက်ဟောင် နေရင်တော့ အဲဒီ လူကို သတိထားပါ။

* ခွေးများမှာ ကုသနိုင်တဲ့စွမ်းအားရှိပါတယ်။
ခွေးရဲ့တံတွေးမှာ ကုသနိုင်စွမ်းရှိတယ်လို့ လူတချို့က ယုံကြည်ကြပါတယ်။ ဒါ့ကြောင့် ခွေးတွေဟာ သူတို့ရဲ့ဒဏ်ရာတွေကို လျှာနဲ့ ပွတ်ပြီး မြန်မြန်ကျက်ဖို့ လုပ်ဆောင်ကြပါတယ်။ အလားတူဘဲ ကလေးများမှာ အနာများ၊ ရောဂါများ ရှိတယ် ဆိုရင် ခွေးက အနားလာပြီး လျှာနဲ့ ယက်ပေးရင် ပျောက်ကင်းသွားတာ တွေ မှတ်တမ်းများစွာ ရှိပါတယ်။

* ခွေးအူသံက နမိတ်မကောင်းပါ။
ခွေးအူသံက သေခြင်းရဲ့ အထိမ်းအမှတ်လို့ ဆိုကြပါတယ်။ ရပ်ကွတ်ထဲက ခွေးတွေ စုပြီး အူ နေကြရင်တော့ မကောင်းဆိုးဝါး ရောက်ရှိနေပြီလို့ ဆိုပါတယ်။

* လမ်းပေါ်က လမ်းခွေးတကောင်က သင့်နောက်ကို လိုက်လာခြင်း။
လမ်းခွေးတစ်ကောင်က သင့်နောက်လိုက်လာတယ် အိမ်အထိ လိုက်လာတယ်ဆိုရင် ခွေးအနက်ပင် ဖြစ်စေကာမူ သင့်ဟာ ကံကောင်းနေပါတယ်။
ဒါပေမယ့် မိုးရွာတဲ့နေ့မှာ ခွေးတစ်ကောင်က လိုက်လာမယ်ဆိုရင် ကံမကောင်းဘူး။

* အမွှေးစုတ်ဖွား နဲ့ Doodle ခွေးများက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးတယ်လို့ ယူဆကြတဲ့ အတွက် လူကြိုက်များ၊ လူတွေ မွေးမြူလေ့ရှိကြပါတယ်။
ဒါဟာ Doodles နဲ့ ပတ်သက်တဲ့ တကယ့်အမှန်တရားတစ်ခုပါပဲ။
အထူးသဖြင့် Goldendoodles နှင့် အခြားသော Doodle ခွေးများတွေက ဖော်ရွေပြီး ပျော်စရာကောင်းတယ်။ ချစ်ခင်ကြင်နာတတ်သော၊ သစ္စာရှိတယ်။ ဉာဏ်ရည်မြင့်မားတဲ့ အတွက် ကလေးငယ်များအတွက် သင့်တော်သလို ပထမဆုံးအကြိမ် ခွေးမွေးလိုသူများအတွက်လည်း သင့်တော်ပါတယ်။

image