22 w - Translate

သတ္တိကောင်းတဲ့ ၉ နှစ်သားလေးက လေဆင်နှာမောင်းကြားကနေ မိဘနှစ်ပါး အသက်ကို ကယ်တင်ပေးနိုင်ခဲ့

လေဆင်နှာမောင်း တိုက်ခတ်မှုကြုံရချိန်မှာ အပျက်အစီးတွေကြား ပိတ်မိနေတဲ့ မိဘ ၂ပါးကို ရဲစွမ်းသတ္တိရှိတဲ့ ၉ နှစ်သားလေးက အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊ အုတ်ကလာဟိုးမားပြည်နယ်မှာ နေထိုင်တဲ့ ဝိန်း၊ လင်ဒီဘေကာနဲ့ သားဖြစ်သူ ဘရန်ဆန်တို့ဟာ ကားမောင်းနေတုန်း အားပြင်းတဲ့ လေဆင်နှာမောင်း ကြုံခဲ့ပြီး အပျက်အစီးတွေကြား ပိတ်မိခဲ့တာပါ။

ဒီဖြစ်ရပ်မှာ ဘရန်ဆန်က ထိခိုက်ဒဏ်ရာ မရခဲ့တာကြောင့် ကားအပြင်ထွက်ပြီး အကူအညီတောင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်လုံး မှောင်မဲနေပြီး လျှပ်စီးလက်လို့ မြင်ရတဲ့ အလင်းရောင်ကြောင့်သာ လမ်းရှာတွေ့ခဲ့တာပါ။ သူဟာ လျှပ်စီးတွေကြားမှာ ပြေးလွှားသွားပြီး သူ့မိဘတွေကို ကယ်တင်ပေးဖို့ အကူအညီ သွားတောင်းခဲ့ပါတယ်။ မိဘဇောနဲ့ ပြေးသွားတဲ့ ဘရန်ဆန်ရဲ့ အမြန်နှုန်းက ၁၀ မိနစ်အတွင်း ၁ မိုင်နီးပါး ခရီးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဝိန်းနဲ့ လင်ဒီဘေကာတို့ဟာ ဇက်၊ ကျောရိုး၊ လက်၊ နံရိုး စတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကျိုးအက်ခဲ့ကြပြီး အပျက်အစီးတွေကြား မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ပေမဲ့ ဘရန်ဆန် ခေါ်လာတဲ့ ကယ်ဆယ်သူတွေက သူတို့ကို ဆွဲထုတ်ပေးခဲ့ပြီး အုတ်ကလာဟိုးမားတက္ကသိုလ်ဆေးရုံ တင်ပို့နိုင်ခဲ့ကြလို့ အသက်ဘေးက လွတ်မြောက်ခဲ့ကြတာပါ။

Ref: 9-Year-Old Hero Saves Parents' Lives Amidst Tornado Tragedy

image