22 w - Translate

"ဒီတစ်ခါမှာတော့ အင်ဂျင်ဝိုင်ရဲ့ ဂရိတ်အမျိုးအစားတွေအကြောင်း မျှဝေပေးချင်ပါတယ်။ အင်ဂျင်ဝိုင်ဗူးများတွင် 0W-20, 5W-30 / API-SN ကဲ့သို့သော နံပါတ်များ အက္ခရာများကို သင်မကြာခဏ မြင်တွေ့ဖူးပါလိမ့်မည်။ ၎င်းတို့မှာ ဘာကိုဆိုလိုပါသနည်း??

*အင်ဂျင်ဝိုင် (Engine Oil)*

* 0W-20, 5W-30 အစရှိသော နံပါတ်များသည် Society of Automobile Engineers (SAE) မှ အင်ဂျင်ဝိုင် စေးပျစ်နှုန်းအမျိုးအစားကို သတ်မှတ်ထားသော နံပါတ်များ ဖြစ်ပါသည်။
• "5W" သည် အလွန်အေးခဲသောရာသီဥတု၌ တည်ရှိသော စေးပျစ်နှုန်းကို ဖော်ပြသည့် နံပါတ်ဖြစ်ပါသည်။ ကိန်းဂဏန်း နည်းသောနံပါတ်ကို ရွေးချယ်သည်နှင့်အမျှ အေးခဲသော ရာသီဥတု၌ စက်နိုးရလွယ်ကူစေပါသည်။
• ဒုတိယနံပါတ် "30" သည် မြင့်မားသော အပူချိန်တွင် တည်ရှိသော အင်ဂျင်ဝိုင်၏ စေးပျစ်နှုန်းကိုဖော်ပြသည့် နံပါတ်ဖြစ်ပြီး ကိန်းဂဏန်းများသွားသည်နှင့်အလျောက် စေးပျစ်နှုန်း ပိုများသွားမည်ဖြစ်ပါသည်။ Suzuki ကားများအတွက် 0W-20 နှင့် 5W-30 တို့ကိုသုံးစွဲရန် အကြံပြုထားပြီးအသေးစိတ်ကို Owner's Manual တွင်လည်း လေ့လာဖတ်ရှုနိုင်ပါသည်။

ထို့အပြင် "SN" သည် American Petroleium Institute (API) ၏ စွမ်းဆောင်ရည်နှင့် အရည် အသွေး စံချိန်စံညွှန်းများကို သတ်မှတ်ပေးသော ဂရိတ်အမျိုးအစားခွဲတစ်ခုဖြစ်ပါသည်။ ထိုအမျိုးအစားများတွင် (SA, SB, SC, SD,…., SL, SM, SN) အစရှိသည့် အင်္ဂလိပ်အက္ခရာစဉ်အလိုက် ပိုမိုကောင်းမွန်သော ချောဆီနည်းပညာဖြင့် ခေတ်မီအင်ဂျင်များအတွက် ကိုက်ညီမှုရှိအောင် ထုတ်လုပ်လာကြပါသည်။

*အင်ဂျင်ဝိုင် ဆီစစ် (Oil Filter)*

ဆီစစ်သည် အင်ဂျင်ဝိုင်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားစစ်ထုတ်ပေးပြီး အင်ဂျင်ဝိုင်၏ အရည်အသွေးနှင့် ထိရောက်မှုကို ထိန်းသိမ်းပေးသည့် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အင်ဂျင်စွမ်းဆောင်ရည်ကို ထိန်းသိမ်းရန်နှင့် အင်ဂျင်သက်တမ်းရှည်စေရန်အတွက် အင်ဂျင်ဝိုင်နှင့် ဆီစစ်များကို ပုံမှန်စစ်ဆေးလဲလှယ်ရန် လိုအပ်ပါသည်။ ထိုကြောင့် မော်တော်ကားထုတ်လုပ်သူ၏ Owner's Manual စာအုပ်ပါ ညွှန်ကြားချက်များကို ဖတ်ရှုပြီး လိုက်နာရန် အကြံပြုလိုပါသည်

image