22 w - Translate

တချို့တွေက Marketing လုပ်တယ်ဆိုပြီး
ကြော်ငြာဖန်တီးတာတွေတော့ လုပ်ကြတယ်
စျေးကွက်ကို လေ့လာကြတာမျိုးမတွေ့မိဘူး...​😧

ဘာ Data မှကောက်တာလဲမတွေ့မိဘူး

ကိုယ်ကျင်လည်နေတဲ့စျေးကွက်မှာ
ဘာအပြောင်းအလဲဖြစ်နေလဲမေးရင်လဲ မသိကြဘူး 😟

=====

Marketing (စျေးကွက်ရေးရာ) ဆိုတာ
ကြော်ငြာတာတစ်ခုတည်းကိုပဲခေါ်တာ မဟုတ်ပါဘူး

စျေးကွက်စီးပွားရေးရာ ဆိုတဲ့အတိုင်းပဲ
Market (စျေးကွက်) ကိုလဲ စောင့်ကြည့်ရပါတယ်

စာစကား ပေစကားနဲ့ပြောရရင်
Market Analysis​ လုပ်ရပါမယ်ပေါ့ ✅

=====

စျေးကွက်ကိုစောင့်ကြည့်မယ်ဆိုရင် ပထမဦးဆုံး
စဥ်းစားရမှာက "စျေးကွက်ဆိုတာဘာလဲ?"

Customer တွေကျင်လည်လေ့ရှိတဲ့နေရာကို
စျေးကွက် (market) လို့ခေါ်ပါတယ်

စျေးကွက်ကိုလေ့လာတဲ့နေရာမှာ
1. Customer (ဝယ်သူ)
2. Competitors (ပြိုင်ဖက်တွေ)​
3. Conditions (ပတ်ဝန်းကျင်အခြေအနေ)​
ဒီ 3 ခုကို စောင့်ကြည့်လေ့လာရပါတယ်...

အ​လွယ်​မှတ်​ရင် C သုံးလုံးပေါ့ 😁✨

=====

1. Customer (ဝယ်သူ)

Customer အကြိုက်ကိုရောင်းမလား?
ကိုယ်ရောင်းချင်တာပဲရောင်းမလား?

ဘာပဲရောင်းရောင်း စျေးရောင်းတဲ့အခါ
Customer ရဲ့အကြောင်းကိုသိဖို့ အရေးကြီးပါတယ်👱🏻

- Customer တကယ်လိုအပ်တာဘာလဲ?
- Customer က ဘာလိုချင်နေတာလဲ?
- Customer ကြိုက်တာတွေကဘာလဲ?
- Customer မုန်းတဲ့အရာဆို ဘာတွေဖြစ်မလဲ?
အစရှိတဲ့မေးခွန်းမျိုးတွေအတွက်စဥ်းစားကြည့်ပါ

ကိုယ့် Customer ရဲ့အကြောင်းကို
Customer ထက်ပိုသိတဲ့ လုပ်ငန်းရှင်တွေက
စျေးကွက်မှာအောင်မြင်ကြပါတယ် 💖

=====

2. Competitor (ပြိုင်ဖက်တွေ)​

စျေးကွက်ထဲမှာ စျေးရောင်းနေတာ
​ကျွန်တော်တို့တစ်ယောက်တည်းမဟုတ်ပါဘူး

တခြားဆိုင်တွေနဲ့ ကျွန်တော်တို့က လိုက်ပြိုင်နေတာ
မဟုတ်ဘူးဆိုသည့်တိုင်အောင် ဝယ်သူရဲ့စိတ်ထဲမှာ
ကျွန်တော်တို့က ယှဥ်ပြိုင်ခံနေရတာပါ

ဥပမာ -​ လမ်းထဲမှာ ဖုန်းဆိုင် 2 ဆိုင်ရှိရင် 🏪🏪
ကိုယ်ဖုန်းဝယ်တဲ့အခါ 2 ဆိုင်ကို ယှဥ်ပြီးမှ
ပိုကောင်းတဲ့ဆိုင်မှာ ဝယ်မှာမဟုတ်ပေဘူးလား?

ဒါ့ကြောင့် စျေးကွက်ထဲက ပြိုင်ဖက်တွေကို
အမြဲစောင့်ကြည့်ပါ.. သူတို့ထက်ပိုသာအောင်
ဘာတွေ လုပ်လို့ရနိုင်မလဲ အမြဲစဥ်းစားပါ ✅

=====

3. Conditions (ပတ်ဝန်းကျင်အခြေအနေ)​

မိုးရွာကြီးထဲမှာ ရေခဲမုန့်ရောင်းလို့မရသလို
မီးလောင်နေတဲ့စျေးကြီးထဲမှာ သွားရောင်းရင်လဲ
ထင်သလောက်ရောင်းရမှာမဟုတ်ပါဘူး 📉

စျေးရောင်းတဲ့အခါ ပတ်ဝန်းကျင်လဲကြည့်ရပါတယ်

စျေးကွက်ပတ်ဝန်းကျင်ကိုကြည့်တဲ့အခါ
- PESTLE
- Porter's 5 forces
- SWOT လိုမျိုး analysis model တွေရှိပါတယ်

ဥပမာနဲ့ပြရရင်
- လူတိုင်းမီးတွေအရမ်းပျက်ရင်
- Trend သတင်း၊ ပွဲတစ်ခုခုဖြစ်နေရင်
- လူတိုင်းလိုလို လိုင်းတွေအရမ်းကျနေရင်
- နိုင်ငံရေးမကောင်းရင် ရောင်းအားကျသလိုပေါ့..

=====

ကြော်ငြာတာ တစ်ခုတည်းကိုကြည့်ပြီး
Marketing လုပ်နေပါတယ်လို့ပြောလို့မရပါဘူး❌

Marketing လုပ်မယ်ဆိုရင်
စျေးကွက်ကိုလဲ စောင့်ကြည့်လေ့လာရပါတယ်✅

- Customer တွေကို စောင့်ကြည့်ပါ
- ပြိုင်ဖက်တွေကို စောင့်ကြည့်ပါ
- စျေးကွက်ရဲ့အရွှေ့အပြောင်းတွေကိုစောင့်ကြည့်ပါ

ဒါဆိုရင် ပိုပြီး Effective ​ဖြစ်တဲ့၊ ပိုပြီးအလုပ်ဖြစ်တဲ့
Marketing​ Strategy​ တွေ ချမှတ်နိုင်လာပါလိမ့်မယ်💖