22 w - Translate

မန်းရွှေစက်တော်မှာရှိတဲ့ ချောင်းဘေးနားက
တချို့တည်းခိုခန်းတွေဟာ 12ရာသီအမြဲမဖွင့်ပါဘူး

ဘုရားပွဲတော်ရှိတဲ့ရာသီတွေ၊
ခရီးသွားရာသီတွေရှိမှသာ ဖွင့်တာပါ...

ခရီးသွားရာသီရောက်လို့ Demand များလာပြီဆိုမှ
စျေးကွက်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းတဲ့အနေနဲ့
တည်းခိုခန်းဖွင့်တာတွေ၊ ကြော်ငြာတာတွေကို
အားသွန်ခွန်စိုက်လုပ်လေ့ရှိကြပါတယ် 💖

=====

ရာသီစာ Item တွေက ရောင်းရတာ ဒီလိုပါပဲ..

ကာလံဒေသံ အံဝင်ဂွင်ကျရောင်းမှ အဆင်ပြေတာပါ

ဝယ်လိုအားများတဲ့အချိန် များများကြော်ငြာပြီး
ဝယ်လိုအားနည်းတဲ့အချိန် ကြော်ငြာစရိတ်လျှော့ခြင်းကလဲ ပါးနပ်မှုတစ်ခုလို့ ဆိုရမှာပါပဲ... ✅✨

=====

အခုရှေ့လဆိုရင် Valentine's Day ရှိပါတယ်

Valentine's Day ဆိုတာ
ကိုယ်ချစ်ရတဲ့သူတွေကို ဘယ်လောက်ချစ်ကြောင်း
သက်သေပြရတဲ့နေ့ဆိုရင်လဲမမှားပါဘူး 💖

အချစ်ကို သက်သေပြတဲ့နေရာမှာ
- အမှတ်တရလက်ဆောင်ပေးတာ
- 2ယောက်အတူ ပျော်စရာတွေဖန်တီးတာ
- ပြည်တွင်းခရီးစဥ်တိုလေးခေါ်သွားတာ
- စားစရာဝယ်ကျွေးတာမျိုး လုပ်လေ့ရှိကြပါတယ်

ဒါ့ကြောင့် ဒီရက်ပိုင်းမှာ
- Handmade လက်ဆောင်တွေ၊
- ပန်းစည်း Bouquet ပြုလုပ်သူတွေ၊
- Holiday ခရီးစဥ် Package ရောင်းတဲ့သူတွေ
- Coffee ဆိုင်၊ ဘူဖေးဆိုင်လို Date လို့ရတဲ့ဆိုင်တွေ
- ချိုမြိန်ပြီး လက်ဆောင်ပေးလို့ရတဲ့အစားအစာတွေ
- လက်ဆောင်အဖြစ်ပေးလို့ရတဲ့အရာမှန်သမျှက
ပုံမှန်ထက်ပိုပြီး ဝယ်လိုအားများပါတယ်ခင်ဗျာ ✅

=====

ဝယ်လိုအားများတဲ့အချိန် များများကြော်ငြာမလား?​
ဝယ်လိုအားနည်းတော့မှ ဖိပြီးကြော်ငြာမလား?

ကိုယ့်ဆီမှာ လက်ဆောင်ပစ္စည်းဝယ်လို့ရပါတယ်ဆိုတဲ့အကြောင်း လူများများနဲ့ မြန်မြန်သိအောင်လုပ်ဖို့ Facebook​ ပေါ်မှာဆိုရင် Boost လုပ်သင့်ပါတယ်... 🌟

အကယ်၍ ကိုယ်ရောင်းတာလက်ဆောင်မဟုတ်ရင်လဲ လက်ဆောင် Bundle အဖြစ် ပုံစံပြောင်းရောင်းကြည့်ပါ

ဥပမာ
သာမန် Clothing အထည်ရောင်းတာဆိုရင်တောင်
လက်ဆောင်ပေးဖို့အတွက် Customized သေချာလုပ်၊
ကတ္ထူဘူးနဲ့ သေချာထုတ်ပြီး ဖဲကြိုးချီပေးတာမျိုး

လက်ဆောင်ပေးတဲ့သူ ပြောချင်တဲ့စာလေးတွေကို
လက်ရေးနဲ့ရေးပေးပြီး ပါဆယ်ထဲ ထည့်ပေးတာမျိုး

စားစရာရောင်းသည့်တိုင်အောင် Packaging သေချာလုပ်ထားရင် လက်ဆောင်အဖြစ်ပေးလို့ရပါတယ်... 🤗✅

=====

အချိန်မပေးနိုင်ပေမဲ့ ကိုယ့်ချစ်သူအတွက်
လက်ဆောင်ကောင်းကောင်းပေးချင်သူတွေကတော့

Packaging ဖိုး 4ထောင်၊ 5ထောင် ပိုပေးရသည့်တိုင်အောင် လိုလိုလားလားပေးဝယ်ကြမှာပါ..

တစ်နှစ်မှာ တစ်ခါပဲရောင်းလို့ရတာမလို့
ကိုယ့် Offer ကို သေချာ Redesign ပြန်လုပ်ကြည့်ပါ

Packaging ကို ချစ်စရာပုံစံလေးဖြစ်အောင် ဖန်တီးပါ💖

=====

ဝယ်လိုအားများလာမဲ့အချိန်မှာ
များများဖိကြော်ငြာခြင်းသည်လဲ
ပါးနပ်မှုတစ်ခုပင်ဖြစ်ပါသည် 🤗💖