22 w - Translate

အော်တိုဝိုင်လဲဖို့လိုနေရင် ပြတတ်တဲ့ လက္ခဏာ (၅)ချက်နှင့် အော်တိုဝိုင် စစ်ဆေးနည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အော်တို​ဝိုင်​တွေကို ကီလို(၃၀၀၀၀) ပြည့်တိုင်း
စစ်​ဆေး လဲလှယ်သင့်တယ်လို့ ပညာရှင်​တွေက အကြံပြုထားကြပါတယ်။

ဒါ​ပေမဲ့ ကီလို(၃၀၀၀၀)မပြည့်ခင်မှာ
🔸(၁)ဂီယာချိန်းရာမှ အခက်အခဲ ဖြစ်ခြင်း

🔸(၂)​အော်တိုဝိုင် မည်းညစ်လာခြင်း

🔸(၃)ဂီယာချိန်းတဲ့အခါ ​ချော်ထွက်သွားခြင်း

🔸(၄)ဂီယာအုံ အပူလွန်ကဲလာခြင်း

🔸(၅)အော်တိုဝိုင် ယိုစိမ့်လာခြင်း
စတဲ့ လက္ခဏာ​တွေပြ​နေပြီဆိုရင်​တော့ ​အော်တိုဝိုင်ကို စစ်​ဆေး​ပေးသင့်ပြီး လိုအပ်ရင် လဲလှယ်သင့်ပါတယ်။

🌀အော်တိုဝိုင်ဟာ ကီလို(၃၀၀၀၀)မှာ (၁)ကြိမ်
သာ လဲလှယ်ပေးရတာကြောင့် အော်တိုဝိုင်လဲတဲ့အခါ အော်တိုဝိုင်ဇကာစစ်ကိုပါ ဖြုတ်ဆေး
သင့်ပါတယ်။
အော်တိုဝိုင် ဇကာစစ်က စက္ကူစစ်ဖြစ်ပါက အသစ်လဲလှယ်ပေးသင့်ပါတယ်။

⚙အော်တိုဝိုင် တိုင်းတာတဲ့အခါမှာ သတ်မှတ်ထားတဲ့ အော်တိုဆီအပူချိန်အပေါ်မူတည်ပြီး
ဂိတ်တံမှာ ရှိရမည့်အမှတ်(Level) မတူညီပါဘူး။

ဥပမာ - အော်တိုဆီအပူအချိန် (၃၀°C - ၅၀°C)အတွင်းရှိနေတဲ့ချိန်မှာ အော်တိုဝိုင် တိုင်းတာတဲ့
အခါ ဂိတ်တံအမှတ်(Level)က COLD ဆိုတဲ့နေရာမှာ ရှိရပါမယ်။

- အော်တိုဆီအပူအချိန် (၅၀°C - ၈၀°C)အတွင်းရှိနေတဲ့ချိန်မှာ အော်တိုဝိုင် တိုင်းတာတဲ့
အခါ ဂိတ်တံအမှတ်(Level)က HOT ဆိုတဲ့နေရာမှာ ရှိရပါမယ်။

(အော်တိုဆီအပူချိန်ကိုတော့ Scan Tool ဖြင့်စစ်ဆေးနိုင်ပါတယ်)

image