22 w - Translate

“ စိတ်ချမ်းချမ်းသာသာလေး နေချင်တယ် ။ဘဝကို အဓိပ္ပာယ်ရှိရှိနေချင်တယ် ။ ကောင်းတာတွေအများကြီးကို လိုချင်တယ်ဆိုရင်တကယ်တမ်း တို့ အရင်ဆုံးလုပ်ရမှာကစိတ်ကို ငြိမ်သက်အောင် ထားတတ်ဖို့ပါ...တိတ်နေတဲ့ စိတ်ကလေးကို ပြုစုတတ်ဖို့ပါ .... ”
စိတ်ချမ်းသာအောင်နေနည်း....

၁။ သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့။
(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊
ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ်
စသည်ဖြင့်)

၂။ ပြီးခဲ့တဲ့ ဒေါသထွက်စရာတွေ
စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။

၃။ မဖြစ်သေးတဲ့ အကြောင်းအရာတွေကို
စိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။

၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို
စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။

၅။ ကိုယ့်အကြောင်းကို ကိုယ့်ကွယ်ရာမှာအတင်းပြောနေတဲ့အကြောင်း
ကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။
(ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊
ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး)

၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက်
နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။
(ဘာမြှပန်မရတော့ဘူး ပြီးသွားပြီ၊သင်ခန်းစာပဲယူပါ)

၇။ ကိုယ့်ချစ်သူကသစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ
သူ့အကြောင်းကို စောစောစီးစီးသိလိုက်ရလို့..........

အသဲကွဲချင်လည်း ယာယီတော့ အသဲကွဲ
မစားနိုင်မသောက်နိုင်တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။
(ကမ္ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ထိုက်တန်ရာတစ်ယောက်တော့ရတယ်၊ရောက်လာလိမ့်မယ်)

၈။ များများ ယူဖို့ထက်
များများပေးနိုင်အောင် ကြိုးစား။
(သူများကို များများပေးနိုင်လေစိတ်ချမ်းသာရလေပဲ)

၉။ ပတ်ဝန်းကျင်ကို လိုအပ်တာထက်ပိုပြီးဂရုမစိုက်မိစေနဲ့။

၁၀။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ
ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားပါ။
(ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ပဲ မျှော်လင့်ပါ)

image