22 w - Translate

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အိမ်ရှေ့မြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးကစားနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ဗီဒီယိုက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားတယ်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဂါလာယာပြည်နယ်မှာ နေထိုင်တဲ့ ၆ နှစ်အရွယ် ကလေးငယ် ဆမ်ဘောလန်က သူငယ်ချင်းတွေရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်နေတဲ့ ဗီဒီယို ဖြစ်ပါတယ်။

အဲဒီဗီဒီယိုကို အာဂျင်တီးနားဂိုးသမား အမ်မီလီယာမာတီနက်ဇ်က သူ့ရဲ့အင်စတာဂရမ်မှာ ဝေမျှခဲ့တယ်။ ဒီနောက်မှာတော့ Minerva Punjab ဘောလုံးအကယ်ဒမီက ဆမ်ဘော်လန်ကို ပညာသင်ဆုပေးခဲ့ပြီး သူတို့အကယ်ဒမီမှာ တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

image