22 w - Translate

ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဝါ၊ သမ္ဘာဆိုတာ အဲ့ဒါပဲ။ မနေ့ညကဆိုရင် ဘိုင်ယန်အိမ်ကွင်းမှာ သူတို့တော်တော်လေး ရုန်းကန်ခဲ့ရတာ။ နည်းပြ အန်ဆယ်လော့တီကိုယ်တိုင် သူ့အသင်းက ပုံမှန်အောက်ရောက်ခဲ့တယ်ဆိုပြီး ပွဲအပြီးမှာ ဝန်ခံခဲ့ရတယ်။

ပွဲစတာနဲ့ ဘိုင်ယန်က ရီးရဲလ်ကို အငိုက်ဖမ်းပြီး ဂိုးပေါက်ကို တဒိုင်းဒိုင်းကန်တယ်။ ရီးရဲလ်က ဒါကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ခဲ့တယ်။ အဲ့ဒီနောက် ဒီပွဲအတွက် ပထမဆုံးဂိုးပေါက်တည့်ဖို့ အလုံးကို ကရူးစ်က ဗီနီရှပ်စ်ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးလိုက်တယ်။
အဲ့ဒီကနေ ဦးဆောင်ဂိုးရတယ်။ ဒုတိယပိုင်းကျတော့ (၅) မိနစ်အတွင်း ဘိုင်ယန်က နှစ်ဂိုးပြန်သွင်းလိုက်တယ်။ ဒုတိယပိုင်းအစမှာတော့ ရီးရဲလ်တို့ အငိုက်မိသွားတယ်။

ဘိုင်ယန်က ဒီပွဲမှာ အခွင့်အရေးအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့တာ။ ဒါပေမယ့်လည်း အချိန်တန်တော့ ရီးရဲလ်တို့ ချေပဂိုးရသွားတာပါပဲ။ ဒုတိယအကျော့က ကိုယ့်အိမ်ကွင်းမှာ၊ ပထမအကျော့မှာလည်း အခြေအနေမကောင်းခဲ့ပေမယ့် မရှုံးခဲ့တော့ ရီးရဲလ်တို့အတွက် တော်တော် အဆင်ပြေသွားပါတယ်။

image