22 w - Translate

နွေရဲ့မေလလေးပေါ့...
တိတ်ဆိတ်လွန်းတဲ့နေ့ရက်တွေရဲ့အစဟာ
ဟိုးသစ်ပင်ဖျားဆီက ဥသြသံလေးဖြစ်မယ်ထင်တယ်...
ပန်းပွင့်လေးတွေဟာ ကောင်းကင်ကြီးကိုမျက်နှာမူရင်း နွေနေ့တွေကို အံတုနေရှာပါတယ်...
ကံ့ကော်ပန်းကလေးတွေက တစ်စုံတစ်ဦးကို မျှော်ငေးနေကြပုံပဲ...အရာရာဟာ လွမ်းမောစရာ...။

ကိုယ်တို့ရဲ့ မေလလေး
ပြီးတော့...လွမ်းစရာကောင်းတဲ့ မေလလေးရေ
ပျော်ရွှင်ခြင်းအပိုင်းအစလေးတွေ သယ်ဆောင်လာခဲ့ပေးမယ်လို့ မျှော်လင့်ပါတယ်...
လွန်ခဲ့တဲ့လတွေထက် နည်းနည်းလေးပိုကြံ့ခိုင်ပေးဖို့
ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့ကြိုးစားသင်ယူရင်းပေါ့...
စစ်မှန်တဲ့ချစ်မေတ္တာတွေက သံသရာတစ်ပတ်လည်
ပြန်လာဦးမှာမို့လေ...။

ရှေ့ဆက်မယ့် မေလရဲ့နေ့ရက်လေးတွေမှာ
ချစ်သောငါ ပျော်ရွှင်ပါစေ
ချစ်သောငါ အဆင်ပြေပါစေ
အဆင်ပြေအောင်နေထိုင်ရင်း စိတ်အနာတရတွေ ဝေးပါစေကွယ်...။

image