22 w - Translate

မြန်မာ "တိုက်ပုံ ၊ရင်ဖုံး ၊ ရင်စေ့"များ ဘယ်က ဆင်းသက်လာသလဲ ?”

မြန်မာ အမျိုးသမီး ရိုးရာ ဝတ်စုံအဖြစ် ထဘီနဲ့ အင်္ကျီရှည်ကို သိကြပါတယ်။

တကယ်က ခု ထဘီ၊ အင်္ကျီ ခေါ်နေတဲ့ အဝတ်အစားတွေဟာ လွန်ခဲ့တဲ့ အနှစ်တရာကျော်ကမှ စပြီး မြန်မာပြည်မှာ ခေတ်စား လာတာပါ။

နဂိုမူလ ဝတ်ဆင်တဲ့ ပြန့်ထဘီခေါ် အစရှည်ကို ပတ်ရစ်ဝတ်ဆင်ရတဲ့ ထဘီတွေနဲ့ ထိုင်မသိမ်းခေါ် ရင်ကွဲ အင်္ကျီတွေဟာ သီပေါမင်း ပါတော်မူပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။

ခေတ်ပြောင်းလာတာနဲ့အမျှ ပြည်ပက လာတဲ့ ချည်ချောထည် အစတွေကို လုံကွင်းချုပ်ဝတ်တဲ့ အလေ့အထ အိန္ဒိယက ဝင်လာသလို ဘင်္ဂါလီ အင်္ကျီ၊ တရုတ် ဖဲအင်္ကျီပုံစံတွေ ချုပ်ပြီး ဝတ်ဆင်တာလည်း အမျိုးသမီးတွေကြား ခေတ်စားလာပါတယ်။

ဒါပေမဲ့လည်း အစဉ်အလာ ဝတ်စုံတွေကို အလှူမင်္ဂလာဆောင်လို ပွဲလမ်းတွေမှာ ဆက်ပြီး ဝတ်စားဆဲ ရှိသလို ခေတ်ဟောင်းပုံစံ ဝတ်စားသူတွေလည်း ၂ဝ ရာစုထဲထိ ရှိခဲ့ပါတယ်။

မြန်မာတွေဟာ အနောက်တိုင်း ဝတ်စုံမဝတ်ဘဲ ရိုးရာဝတ်စုံကို ခေတ်သစ်ထဲထိ စွဲစွဲမြဲမြဲ ဝတ်တယ်လို့ ဂုဏ်ယူခဲ့ကြပေမယ့် သူတို့ ဝတ်ဆင်နေတဲ့ ထဘီ အင်္ကျီတွေဟာ အိန္ဒိယနဲ့ တရုတ်၊ ဥရောပ အငွေ့အသက် မကင်းပါဘူး။

ဒါကြောင့် တချိန်က မြန်မာဆန်တယ် ဆိုတဲ့ ဝတ်စုံ ရည်ညွှန်းချက်ဟာ ထိုင်မသိမ်းနဲ့ တောင်ရှည်၊ ချိတ်ထဘီရှည်တွေကို ပြောတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ တိုက်ပုံနဲ့ ရင်ဖုံးဝတ်သူတွေကို ရည်ညွှန်း လာတယ်လို့ စာရေးဆရာကြီး ဦးတင့်ဆွေက ၁၉၅ဝ ခန့်မှာ ရေးသားခဲ့ပါတယ်။

image