Customer တွေကိုယ်တိုင်ရေးပေးတဲ့ Review တွေက သင့်ကိုကျိန်းသေပေါက်ရောင်းအားတက်စေပါတယ် ✅
Admin တို့တခါတလေမှာ Customer တွေဆီကနေ
" အရမ်းအဆင်ပြေပါတယ် " ဆိုတဲ့စကားသံမျိုး ခဏခဏကြားဖူးလိမ့်မယ်လို့ထင်ပါတယ်..
တကယ်တော့ အဲ့ဒါက မဟာအခွင့်အရေးကြီးပါ
Admin အများစုက ဒီအခွင့်အရေးကိုမမြင်မိကြပါဘူး
=====
Customer ဆီက အဆင်ပြေတယ်ကြားရတိုင်း
Review ရေးပေးဖို့ တောင်းဆိုကြည့်ပါ... ✅
လူတွေရဲ့သဘာဝကိုက မခိုင်းရင်မလုပ်တတ်ပါဘူး..
ကိုယ့်ဘက်က ရေးပေးဖို့မတောင်းဆိုရင်လဲ
Customer က ရေးပေးမှာမဟုတ်ပါဘူးခင်ဗျ 😁
"အဆင်ပြေရင် Review ရေးပေးလို့ ရမလားခင်ဗျာ" ဆိုတဲ့ စာကြောင်းလေးပို့လိုက်ခြင်းက သင့်ရဲ့ Page အတွက် အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ် 💖
=====
Facebook ကိုယ်တိုင်ကလဲ Review များများရှိတဲ့ Page တွေကို Reach များများပြပေးမယ်လို့ပြောထားပါတယ်..
Page ကြီးထွားဖို့အတွက်ဆို Customer တွေရဲ့ Good Review တွေလဲ လိုအပ်ပါတယ် ✅
Review ဆိုပေမဲ့ အကောင့်တုတွေရဲ့ Review အတုတွေကတော့ Reach မတက်စေပါဘူး.. ✨
Good Review က Page အတွက်တိုးတက်စေသလို Bad Review က Page ကို ပျက်စီးစေတာ သတိပြုပါ ✅
Customer ဆီက အဆင်ပြေပါတယ်လို့ကြားတိုင်း
Review ရေးပေးရန် တောင်းဆိုဖို့မမေ့ပါနဲ့နော်🤗✨