22 w - Translate

⚜️ The Princess Diaries ဆိုရင် 2000s born သမားတွေတော့မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ admin အတွက်ကတော့ Royalties တွေကို စပြီး obessed ဖြစ်သွားစေခဲ့တဲ့ movie ဆိုရင်လဲမမှားပါဘူး။ Princess Diaries ဟာ ဆိုရင် သာမန်ဆယိကျော်သက်ကျောင်းသူလေးဘဝကနေ သူ့အဖွားက နိုင်ငံတစ်ခုရဲ့ ဘုရင်မတစ်ပါးဖြစ်နေပြီး သူကလဲ အိမ်ရှေ့စံမင်းသမီးဖြစ်နေတယ်ဆိုတာကို ရုတ်တရက်သိလိုက်ရတဲ့အခါ သာမန်ဘဝကနေ မင်းသမီးတစ်ပါးအဖြစ်ပြောင်းလဲရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရင်ဆိုင်ရပုံကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ Princess Diaries ဟာ ရုပ်ရှင်အနေဖြင့်စုစုပေါင်း 2 ကားထွက်ထားပြီးတော့ Princess Diaries 3 ကတော့ စာအုပ်အနေဖြင့်သာထွက်ရှီထားပြီး ရုပ်ရှင်ရော စာအုပ်နှစ်ခုလုံးဟာ လူကြိုက်များခဲ့ကြပါတယ်။ Princess Diaries ပရိတ်သတ်တွေဟာ Queen Amelia နန်းတက်ပြီးနောက်ပိုင်း သူမရဲ့ကြင်ရာတော်ကို ရှာတွေ့သွားမှာလားဆိုတာ အခုထိသိချင်နေကြပြီး Princess Diaries 3 ထွက်လာဖို့ မျှော်လင့်နေခဲ့ကြတာ ကြာပါပြီ။ မနေ့ကတော့ ထူးထူးခြားခြား Anne Hathaway နဲ့ ကျောင်းအုပ်ကြီး Gupta တို့အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sandra Oh တို့နှစ်ယောက်ဟာ interview တစ်ခုမှာအတူဆုံခဲ့ကြပြီး Princess Diaries ထဲက နာမည်ကြီး Scene တစ်ခုဖြစ်တဲ့ “ The Queen is Coming “ scene လေးကို Tik Tok ရိုက်ပြီးတင်ခဲ့တာနဲ့ပတ်သတ်ပြီး fan တွေက Princess Diaries 3 လာတော့မှာမလို့ hint ပေးနေတာလို့ အခိုင်အမာပြောဆိုနေကြပါတယ်။ Anne ကလဲ တစ်နှစ်က interview တစ်ခုမှာ Princess Diaries 3 အတွက် script ဟာ အဆင်သင့်ရှိကြောင်း သူမရော၊ Julie Andrews ရော သူမ producer ရောကရုပ်ရှင်အသစ်ကို ရိုက်ချင်ကြောင်း၊ ကျွန်မတို့ အခြေနေကောင်းလေးတစ်ခုမှာရှိနေပါတယ်၊ ပရိတ်သတ်ကို ဘာမှ ready မဖြစ်ပဲမပြောချင် မချပြချင်သေးလို့ပါ၊ ဒါပေမယ့် ကျွန်မတို့ ကြိုးစားနေပါတယ် ဆိုပြီး ဖြေသွားခဲ့ပါတယ်။ ဒီသတင်းသေချာမသေချာကို Anne comfirm လုပ်ပေးတော့မှာလားဆိုတာကို ရင်ခုန်စွာနဲ့စောင့်စားရတော့မှာပဲဖြစ်ပါတယ်။ တကယ်သာထွက်လာခဲ့ရင်တော့ ကျနော်တို့တွေဟာ ဘုရင်မကြီး Amelia နိုင်ငံကိုဘယ်လိုစီမံအုပ်ချုပ်နေလဲဆိုတာရယ် သူမရဲ့အချစ်ရေးရော အဆင်ပြေသွားမလားဆိုတာရယ်ကိုပါ တွေ့မြင်ကြရမှာပါ။ Admin ကတော့ ငယ်ငယ်ကထဲက ရူးသွပ်ခဲ့ရတဲ့ Movie franchise လေးမလို့ sequel သာ ထပ်ထွက်လာခဲ့ရင် admin ရဲ့ inner child လေးကို တကယ့်ကိုပျော်ရွှင်သွားစေမှာပါ။

image