တကယ်ကလေ.....
အချစ်ရေးမှာ flowလေးအတိုင်းသွားဖို့ပဲ။
အများကြီးတွေးတာတွေ၊
အများကြီးစိုးရိမ်နေတာတွေမလုပ်ပဲနဲ့
ဒီအတိုင်း သတိရတဲ့အခါ ဖုန်းဆက်၊စာပို့လိုက်ပြီးတွေ့ဖြစ်ကြတဲ့အခါ တစ်ယောက်အပေါ်
တစ်ယောက် အကောင်းဆုံးဆက်ဆံကြဖို့ပဲ။
လူတွေက ပစ္စုပ္ပန်မှာ အမြဲတမ်း နေထိုင်ပါလို့
ပြောကြပေမယ့် အချစ်ရေးမှာတော့ ပစ္စုပ္ပန်မှာ နေထိုင်ဖို့ရာ ခက်ခဲနေကြတယ်။
အနာဂတ်ကိုပဲ ပိုတွေးနေမိကြတယ်။
လက်မတွဲရသေးခင်ကတည်းက တစ်ဘဝလုံးအဆင်ပြေပါ့မလားဆိုတဲ့ အတွေးနဲ့ နှိပ်စက်ခံနေရတယ်။
People come and people go,that is life ဆိုတဲ့အတိုင်း လူတွေက ဝင်လာပြီးရင် ပုံစံတစ်မျိုးမျိုးနဲ့တော့ ပြန်ထွက်သွားကြမှာပါပဲ။
လွမ်းနေရင်ပြေးတွေ့လိုက်၊သတိရရင်ဖုန်းဆက်လိုက် စကားအတိုင်းအတိုင်းပဲ။
အချစ်ရေးက flow လေးနဲ့စီးဆင်းနေဖို့ပဲ။
အချိန်မရွေး ရပ်တန့်ဖို့ရော၊ရှေ့ဆက်သွားဖို့ရော
အသင့်အနေအထားလေးမှာ အမြဲရှိနေရင်
ဒဏ်ရာအနာတရတွေ နည်းလိမ့်မယ်။
ပြီးတော့ စိတ်ရှည်ဖို့ပဲ။
မရေရာမသေချာတဲ့လူတွေအတွက် အသည်းအသန်ကြိုးစားနေစရာမလိုပါဘူး။
ကျွန်တော်က အချစ်ရေးနဲ့ပတ်သက်ပြီး အမြဲနောက်ကျတတ်တယ်။
ဘယ်က စပြီး ဘယ်ကို သွားရမလဲမသိတဲ့
ကိုယ့်ခံစားချက်တောင် ကိုယ်မသိပဲယောင်ချာချာဖြစ်နေတဲ့နှစ်တွေအများကြီးပဲ။
ကိုယ့်ကို လူတစ်ယောက်က ချစ်ပါ့မလားဆိုတာထက် ကိုယ်က လူတစ်ယောက်ကို ချစ်နိုင်ပါ့မလားဆိုတာကို တွေးမိနေတဲ့ နှစ်တွေက ပိုများတယ်။
သူငယ်ချင်းတစ်ယောက်ပြောတဲ့စကားလေးလိုပေါ့
နင်က အချစ်မှာ လိပ်ပဲဖြစ်ဖြစ်၊ဘယ်လောက်ပဲနောက်ကျကျ တစ်ယောက်ယောက်က နင့်ကိုပဲ
သေချာပေါက် စောင့်ဆိုင်းပြီး နင့်ကိုပဲ တန်းလန်းဖြစ်စေ ၊ တရွတ်တိုက်ဖြစ်စေ
ဆွဲခေါ်သွားမယ့် လူ ရှိလာမှာပါတဲ့။
မရေရာ မသေချာနေတဲ့ ငါ့ကို
ငါတို့အတူတူ ကြိုးစားကြမယ်လို့ လာပြောတဲ့
တစ်စုံတစ်ယောက်ပေါ့။
အရာအားလုံးဟာ Good things take time ပေါ့။