(၂၀၂၃-၂၄)ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ Clean Sheet အများဆုံးရယူထားတဲ့ ဒေါ့မန်
ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် Clean Sheet (ဂိုးမပေးရသည့်ပွဲ) အများဆုံးရယူထားသည့်အသင်းအဖြစ် ဂျာမန်ကလပ်ဘိုရပ်ရှားဒေါ့မန်အသင်းက ထိပ်ဆုံးတွင် ဦးဆောင်နေပြီး ကစားခဲ့သော (၁၁)ပွဲတွင် (၅)ပွဲကို ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ဒေါ့မန်အသင်းအနေဖြင့် ယခုရာသီအုပ်စုပွဲစဉ်များဖြစ်သည့် အေစီမီလန်နှင့်ပွဲ၊ နယူးကာဆယ်နှင့် အိမ်ကွင်း/အဝေးကွင်း နှစ်ပွဲစလုံးဂိုးမပေးခဲ့ရသလို၊ ရှုံးထွက်(၁၆)သင်းအဆင့်ဒုတိယအကျော့ပွဲစဉ် ပီအက်စ်ဗွီနှင့်ပွဲ၊ နောက်ဆုံးကစားခဲ့သည့် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ် ပီအက်စ်ဂျီနှင့်ပွဲများတွင် Clean Sheet များရယူနိုင်ခဲ့ခြင်းဖြစ်သည်။ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒေါ့မန်အသင်း၏နောက် Clean Sheet အများဆုံးရယူထားသည့်အသင်းများမှာ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ်၊ ဆိုစီဒက်၊ အာဆင်နယ် အသင်းတို့ဖြစ်ကြပြီး (၄)ပွဲစီရယူခဲ့ကြခြင်းဖြစ်သည်။
