လူတွေ သင့်ကို ကြိုက်လာဖို့လည်း
မကြိုးစားပါနဲ့ ။
လူတွေ သင့်ကို လေးစားဖို့လည်း
မကြိုးစားပါနဲ့ ။
လူတွေ သင့်ကို ချစ်လာဖို့လည်း
မကြိုးစားပါနဲ့ ။
လူတွေသင့်ကို အထင်ကြီးလာဖို့လည်း
မကြိုးစားပါနဲ့ ။
လူတွေ သင့်ကို ကြွေလာဖို့လဲ
မကြိုးစားပါနဲ့ ။
မနက်မိုးလင်းလို့ သင်နိုးထတဲ့အခါ
သင့်ကိုယ်သင် လေးစားနေဖို့ ကြိုးစားပါ ။
နေ့စဉ်သွားလာလှုပ်ရှားနေစဉ်မှာ
သင့်ကိုယ်သင် ချစ်နိုင်ဖို့ ကြိုးစားပါ ။
မှန်ထဲ ကြည့်တဲ့အခါမှာ
သင့်ကိုယ်သင် အထင်ကြီးဖို့ ကြိုးစားပါ ။
ညအိပ်ဖို့ ခေါင်းချတဲ့အခါမှာ
သင့်ကိုယ်သင် တန်ဖိုးထားနိုင်ဖို့ ကြိုးစားပါ ။
သင့်ရဲ့နောက်ဆုံးအချိန်မှာ (မသေခင်မှာ)
သင့်ကိုယ်သင် ကြွေနိုင်ဖို့ ကြိုးစားပါ ။
#မိုင်မိုင်းနမ့်စန်
#crd_to_owner_with_respect
