မနေ့က အမေရိကန်ဗဟိုဘဏ် အစည်းအဝေးမှာ အတိုးနှုန်း အပြောင်းအလဲ မလုပ်ဘဲ ထိန်းထားတဲ့အတွက် မနေ့က အကျ များခဲ့တဲ့ ကမ္ဘာ့ရွှေဈေးက ပြန်တက်လာပါတယ်။ ဒါပေမဲ့ ကန်ဗဟိုဘဏ်က ငွေဖောင်းပွမှုနဲ့ ပတ်သက်ပြီး အားမရမှု မရှိသေးဘူးလို့ ပြောလာတာကြောင့် ရှေ့အနာဂတ်မှာ အတိုးနှုန်း လျှော့လာဖွယ် ရှိပြီး ရွှေဈေးကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေး ပြန်တက်လာလို့ မနေ့က ၄၇ သိန်းကျော်အထိ ကျခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ နေ့လယ် ဈေးအဖွင့်မှာ ပြန်တက်လာနိုင်ပါတယ်။
