❝ နံနက်ခင်းသြဝါဒ ❞
________________
တိမ်တွေကို ကြည့်ပါ
လယ်ကွင်းတွေကို ကြည့်ပါ
ပြတင်းပေါက်ရှိတဲ့ အိမ်မှာနေပါ...
လက်ဖက်ရည်ဆိုင် ထိုင်ပါ
ဘဝကို တငုံစီသောက်ပါ
သီချင်းတွေနဲ့ ရန်မဖြစ်ပါနဲ့...
ဖြတ်သွား ဖြတ်လာတွေကို ငေးမော
ရာဇဝင်တွေကို ငေးမော
မိမိကိုယ်မိမိ ငေးမောပေါ့...
နေရောင်ခြည် နောက်ကျတတ်တယ်
သတင်းစာ နောက်ကျတတ်တယ်
ချိန်းထားတဲ့သူဟာလည်း
နောက်ကျတတ်တာပါပဲ "
- - သစ္စာနီ - -
