Rating ပိုင်းမှာ အားရနေတဲ့ The Last of Us Season 2
The Last of Us Season 2 ကတော့ အစောပိုင်းသုံးသပ်ချက်တွေနဲ့အတူ Rating ပိုင်းမှာ အားရနေပါတယ်။
သမိုင်းမှာ အအောင်မြင်ဆုံး ဗီဒီယိုဂိမ်းကနေ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲလာတဲ့ The Last of Us ကတော့ Season 1 အောင်မြင်မှုနဲ့အတူ Season 2 ကိုပါ ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ HBO မှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ Pedro Pascal က Joel Miller အနေနဲ့ပါဝင်လာမှာဖြစ်ပြီး Bella Ramseyကတော့ Ellie Williams အနေနဲ့ ပြန်လည် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဝေဖန်သူတွေက ဇာတ်လမ်းတွဲရဲ့ ပွဲဦးထွက်ကို ချီးကျူးခဲ့ကြပြီး၊ Rotten Tomatoes မှာတော့ အဆင့်သတ်မှတ်ချက် ၄၈၆ ခုအပေါ် အခြေခံပြီး Rating ၉၆% ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ The Last of Us Season 2 အပေါ် ကောင်းတဲ့ တုံ့ပြန်မှုတွေ ရထားပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေများစွာလည်းရထားတဲ့ ဇာတ်လမ်းတွဲဖြစ်လာခဲ့ပါပြီ။
The Last of Us Season 2 ကိုတော့ မကြာခင် ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

image