1 w - Translate

နီမင်ဂျာမာတစ် “အိုနားနားပြောတဲ့ သူတို့အသင်းက ငါတို့ထက်ပိုကောင်းတယ်ဆိုတဲ့အပေါ်မှာ ငါပြန်ပြီး ပြောချင်တာက မန်ချက်စတာယူနိုက်တက်ရဲ့သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးသော ဂိုးသမား ဖြစ်နေပြီဆိုရင် မင်း အာချောင်တဲ့အခါ ဂရုစိုက်ဖို့လိုတယ်။
ဒီနေရာမှာသာ ဗန်ဒါဆား၊ ရှမိုက်ကယ် ဒါမှမဟုတ် ဒဟေးယား တစ်ယောက်ယောက်ကပြောရင်ကို လက်ခံပေးလို့ ရသေးတယ်။ ဒါပေမယ့် အခုကျတော့ အိုနားနားဖြစ်နေတယ်။ သူက အဆိုးဆုံးထဲက တစ်ဦးဖြစ်နေတဲ့ ဂိုးသမားပဲ...”
ပွဲမစသေးဘူး အိုနားနား နဲ့ မာတစ်တို့ကြားထဲက စကားစစ်ထိုးပွဲကြီးက အတော်လေးကြမ်းတယ် အားရဖို့လည်း ကောင်းတယ်။ လေကျယ်တဲ့ အိုနားနားကို မာတစ်တစ်ယောက် ပြန်ဖဲ့လိုက်ပုံက ပွဲကြည့် ပရိတ်သတ်တွေအတွက် အားရစရာကြီးပါ။

image