6 d - Translate

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နှင့် နစကနိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်၌ တွေ့ဆုံ
ရန်ကုန်၊ ဧပြီ ၁၀
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့နဲ့ နစက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဧပြီလ ၉ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီပံ့ပိုးပေးနိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပေါ် ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းပါကြောင်းနဲ့ စာနာထောက်ထားမိကြောင်း ပြောကြားခဲ့ပါတယ်။

image