Starlink ကို ယှဉ်ပြိုင်ဖို့ အမေဇုန်က အင်တာနက် ဂြိုလ်တုတွေကို အာကာသသို့ လွှတ်တင်
==================================================
ကမ္ဘာပတ်လမ်းကြောင်းမှ ဂြိုလ်တုတွေကနေ ကမ္ဘာကို အင်တာနက် ထုတ်လွှင့်ပေးတဲ့ ကုမ္ပဏီတွေများပြားလာပါပြီ။ Elon Musk ပိုင်တဲ့ SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက် လုပ်ငန်းဟာ ပြိုင်ဖက်တွေ များလာပါပြီ။
အမေဇုန် က LEO ဂြိုလ်တုအစုအဝေးကို အသုံးပြုပြီး ကမ္ဘာလုံးဆိုင်ရာ Broadband အင်တာနက်ဝန်ဆောင်မှုပေးမယ့် Kuiper စီမံကိန်းကို ပြုလုပ်နေပါတယ်။ အမေဇုန် က Atlas V ဒုံးပျံကို အသုံးပြုကာ ဧပြီလ ၉ ရက်နေ့မှာ Project Kuiper အင်တာနက် ကွန်ရက် စီမံကိန်း အတွက် ဂြိုလ်တု ၂၇ လုံးကို အာကာသသို့ လွှတ်တင်လိုက်ပါတယ်။
အမေဇုန်က စီမံကိန်း ၈၀ နဲ့ အင်တာနက် ဂြိုလ်တု ၃,၂၀၀ ကို လွှတ်တင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီ အင်တာနက် ဂြိုလ်တုတွေ လွှတ်တင်ပြီးရင် ဒီနှစ်ကုန်မှာ တစ်ကမ္ဘာလုံးမှာ Latency နည်းပါးပြီး လျှင်မြန်တဲ့ အင်တာနက်ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အမေဇုန်က 1 Gbps အင်တာနက် အမြန်နှုန်းကို ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး အင်တာနက် ဖမ်းယူနိုင်တဲ့ အန်တင်နာ ကို ဒေါ်လာ ၄၀၀ အောက်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
