၂၀၃၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင်ပေါင်း ၄၀ ရာခိုင်နှုန်း AI ကြောင့် ထိခိုက်မည်
===================================================
AI ဟာ လူသားတွေကို အကျိုးများစွာ ရှိစေသလို လူသားတွေရဲ့ အလုပ်အကိုင်တွေကိုလည်း ခြိမ်းခြောက်လာနေပါတယ်။ အဲဒီအတွက် လူသားတွေဟာ AI နဲ့ပတ်သက်ပြီး အလုပ်အကိုင်အသစ်တွေကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စစ်တမ်းအရ AI ကြောင့် ၂၀၃၃ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင်ပေါင်း ၄၀ ရာခိုင်နှုန်းကို ထိခိုက်မယ်လို့ သိရပါတယ်။ အလွန်လျှင်မြန်စွာ တိုးတက်လာနေတဲ့ AI နယ်ပယ်ဟာ မကြာခင်မှာ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၄.၈ ထရီလီယမ် ရှိလာမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ က AI ရဲ့ အကျိုးကျေးဇူးတွေကို နိုင်ငံအနည်းငယ်သာ မဟုတ်ဘဲ လူတိုင်း ခံစားရရှိစေဖို့ တောင်းဆိုထားပါတယ်။
AI ကြောင့် လူသားတွေ အလုပ်အကိုင် ရှားပါးလာနိုင်တဲ့အတွက် နိုင်ငံတွေဟာ နိုင်ငံသားတွေကို လေ့ကျင့်သင်ကြားပေးထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတွေဟာ AI အတွက် အခြေခံ အဆောက်အဦးတွေကိုလည်း တည်ဆောက်ရမှာ ဖြစ်ပါတယ်။ လူသားတွေဟာ AI နဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အသစ်တွေကိုလည်း လေ့လာထားရမှာ ဖြစ်ပါတယ်။
