6 d - Translate

ခမောက်ကြီးမြို့နယ်တွင် ဆက်ကြေးကောက်လာသော မာရမ်းတိုက်နယ်ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုး ဦးဆောင်သော ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ ရရှိ
ရန်ကုန်၊ ဧပြီ ၁၀
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသော မာရမ်းတိုက်နယ်ရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုးပါ ရဲ ၅ ဦးအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး အပါအဝင် ရဲ ၃ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာကျေးရွာရှိ လူကုန် သူများ၊ ရာဘာအဝယ်ဒိုင်များ နှင့်မူးယစ်ဆေးဝါးရောင်းဝယ်သူများထံမှ လစဉ်ကြေးကောက်ယူကာ ပြန် လာသည့် မာရမ်းတိုက်နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်မင်းအောင်စိုးပါ ၅ ဦးကို ဖော့သုတ်ကျေး ရွာအနီး ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူး ရဲအုပ်မင်းအောင်စိုး ၊ ဒုရဲအုပ် မျိုးလင်းကို နှင့် ရဲဒုတပ်ကြပ် စည်သူတို့ ၃ ဦးသေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မောင်တူး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်နဲ့ နှစ်ယောက် ရှေ့ကပွိုင့်နဲ့လာတာ၊ နောက်က ကားနဲ့၊ကားပေါ်မှာက စခန်းမှူးပါ ၃ ယောက်၊ ဆိုင်ကယ်နဲ့က ၂ ယောက်၊ ဆိုင်ကယ်နဲ့ ၂ ယောက်မှာ တစ်ယောက်က ဒဏ်ရာရတယ်။ ဆိုင်ကယ်နဲ့နှစ်ယောက်ကတော့ လွတ်သွားတယ်ပေါ့၊ အဓိကကလည်း ကားကိုပဲပစ်တာဆိုတော့ ကားပေါ်က အကုန်သေတာ၊ ကားက‌ ချောက်ထဲထိုးကျသွားလို့ ကားတော့ မယူလာခဲ့လိုက်ဘူး။ ပစ္စည်းတွေပဲ သိမ်းလာတာ၊” ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့အပြင် သေဆုံးသူရဲများ ကိုင်ဆောင်အသုံးပြုသော ၄၀ မမ ၁ လက်၊ ဗုံးသီး ၁၀ လုံး၊ AK အမျိုး အ စား သေနတ် ၂ လက်၊ AK ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၉၄ တောင့်၊ ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ကျည်ဆံ အတောင့် ၅၀ ၊ ၆ လုံးပြူးသေနတ် ၁ လက်၊ ပွိုင့် ၃၈ အမျိုးအစားသေနတ် ၁ လက်၊ လက် ပစ်ဗုံး ၃ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ ပိုက်ဆံ ၂၅၀၀၀ ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ရဲဘော်များက လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

image